Main menu

ရွှေတောင်ဒေသထွက်ရာသီစာထန်းပင်ပေါက်(ခ)ထန်းမြစ်

Powered by Drupal

ထန်းပင်ပေါက်(ခ)ထန်းမြစ်သည်ရာသီစာဖြစ်ပြီး တစ်နှစ်မှတစ်ခါသာစားရသည့် သရေစာ တစ်မျိုးဖြစ်ပါသည်။ ထန်းပင်ပေါက်သည် ထန်းသီးအမှည့်ရင့်များမှ ရရှိလာပါသည်။ ထန်းသီး ရင့်မှည့်သည့်အသီးများသည်ဝါခေါင်၊ တော်သလင်းလများတွင် ထန်းပင်ပေါ်မှ ကြွေကြလာပါသည်။

ကြွေကြလာသောထန်းသီးမှည့်များကို အနက်တစ်တောင်ခန့်တူးထားသည့် မြေကျင်းထဲတွင် ထန်းသီးမှည့်များကို စနစ်တကျအဝိုင်းပတ်ပုံစံဖြင့် စီစီရီရီထည့်ထားကာ အပေါ်မှ မြေကြီးများဖြင့် ဖုံးဖိထားပြီး နောက်(၃)လအကြာတွင် ထန်းပင်ပေါက်(ခ)ထန်းမြစ်များ ထွက်ရှိလာပြီး တူးဖော်ရ ပါသည်။ ထန်းပင်ပေါက် (ခ) ထန်းမြစ်များအားမီးဖုတ်စားခြင်း၊ ပြုတ်၍စားခြင်းနှင့် လက်ဖက်သုပ် အတွင်း ထည့်၍ လည်းစားရပါသည်။ ထန်းပင်ပေါက် (၁၀)ချောင်းပါ တစ်စည်းလျှင် (၁၈၀၀)ကျပ် နှုန်းဖြင့် ဈေးကွက်အတွင်းရောင်းချကြောင်းသိရှိရပါသည်။ ထန်းပင်ပေါက်များသည် ရွှေတောင်မြို့၊ ညောင်စာရေးမြို့၊ ကျီးသဲ၊ မြို့မ စသည့်ဒေသများတွင်ထန်းတောများပေါသည့်အတွက် ထန်းပင် ပေါက်များကို ရရှိပါသည်။

DOCA(ပဲခူး)