Main menu

ပြည်မြို့သစ်ဈေးတွင် ရောင်းချနေသော ပဲဇောင်းလျားသီးဈေးကွက်

Powered by Drupal

   ပဲဇောင်းလျားပင်ကို နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ပဲဇောင်းလျားအသီးကို ပြုတ်၍သော်လည်းကောင်း၊ သုတ်၍သော်လည်းကောင်း၊ သီးစုံဟင်းချက်၍သော်လည်းကောင်း၊ အချဉ်ဖတ်ပြုလုပ်၍သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြပါသည်။

          ပဲဇောင်းလျားပင်မှ အမြစ်ဖြစ်သော ပဲမြစ်သည် လူတိုင်းစားသုံးကြသည်။ ပဲဇောင်းလျား ပင်ကို ဇွန်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး ရက်(၉၀)အကြာတွင် စတင်ခူးဆွတ် နိုင်ပြီဖြစ်ပါသည်။ ပြည်မြို့ ပေါ်ဈေးများတွင် တောင်သူများမှ ပဲဇောင်းလျားသီး အတောင့် (၁၀၀)လျှင် ကျပ် (၂၀၀၀-၂၅၀၀)ကျပ် တို့ဖြင့်သွင်းရပြီး ပြန်လည်ရောင်းချရာတွင် အတောင့် (၁၀၀)လျှင် အကြီး၊ အသေးခွဲ၍ (၃၀၀၀-၃၅၀၀-၄၀၀၀)တို့ဖြင့်ပြန်လည် ရောင်းချကြောင်း သိရသည်။ ပဲဇောင်းလျားသီး အမြစ်ကျ သွားလျှင် ပဲမြစ်တူးဖေါ်၍ ရောင်းချလို့ရသဖြင့် အမြစ်အထိ ဝင်ငွေရရှိသည့်အတွက် စီးပွားဖြစ် အကျိုး ဖြစ်ထွန်းစေ၍ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်းသိရသည်။ ပြည်ဈေးကွက်တွင် ပဲမြစ်တစ် ပိဿာလျှင် (၆၀၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းချနေကြောင်းသိရသည်။

DOCA (ပဲခူး)