မြန်မာနိုင်ငံတွင် ငှက်ပျောပင်နှင့် ဗေဒါပင်မှတစ်ဆင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင် မည်ဖြစ်ပါသည်။ ငှက်ပျောသီးကို လူအများစားသုံးကြပြီး ငှက်ပင်စည်ကို လူအသုံးအဆောင် ပစ္စည်းများထုတ်လုပ်ကြပါသည်။ ထို့ကြောင့် ငှက်ပျောပင်စည်မှ စွန့်ပစ်ပစ္စည်းဖြင့် လူအသုံး အဆောင်ပစ္စည်းများထုတ်လုပ်လာနိုင်ကြ၍ MSME အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ ထို့အတူ ဗေဒါရိုးကိုလည်း လူအသုံး အဆောင်ပစ္စည်းများထုတ်လုပ်ရောင်းချလာကြပါသည်။ ပြည်တွင်းလက်မှုလုပ်ငန်းများမှတစ်ဆင့် စက်ကရိယာများ၊ နည်းပညာအသစ်များဖြင့် ပူးပေါင်း၍ စွန့်ဦးတီထွင်လာကြပါသည်။ ထိုငှက်ပျော ပင်နှင့် ဗေဒါရိုးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချလာကြသဖြင့် ပြည်တွင်း ဝင်ငွေများ ရရှိလာနိုင်သလို ပြည်ပဈေးကွက်သို့ပါထိုးဖောက်ဝင်ရောက်လာနိုင်တဲ့အထိ တန်ဖိုးမြှင့် ထုတ်လုပ်လာနိုင်မည်ဆိုလျှင်လည်း နိုင်ငံခြားဝင်ငွေများရရှိလာနိုင်မည်ဖြစ်ပါသည်။
ငှက်ပျောပင်စည်မှ အမျှင်များကိုထုတ်ယူပြီး ချည်အဖြစ်သို့ရောက်ရှိအောင် ပြုလုပ်ပြီးမှ ချည်ငင်စက်ဖြင့် ချည်ငင်၍ ယက္ကန်းစင်တွင် ရက်လုပ်၍ ဖျင်စများရရှိပြီး အင်္ကျီများချုပ်လုပ်၍ ရောင်းချကြပါသည်။ ထို့အပြင်အခြားလူသုံးကုန်ပစ္စည်းများဖြစ်သော ဦးထုတ်၊ ဖိနပ်နှင့် ပိုက်ဆံအိတ် ၊ လွယ်အိတ်စသည့်လူသုံးကုန်ပစ္စည်းများထုတ်လုပ်လာနိုင်ပြီဖြစ်ပါသည်။
ထိုအတူ သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ၊ တံခွန်တိုင်ရွာတွင် ဗေဒါရိုးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ် ကုန်များထုတ်လုပ်ရောင်းချကြောင်းသိရပါသည်။ ထိုလုပ်ငန်းကို နွေရာသီမှာလုပ်ကိုင်ပြီး မိုးရာသီ တွင်အလုပ်နားကြောင်းသိရပါသည်။ မိုးရာသီတွင် လုပ်ငန်းများ နားရခြင်းမှာ နေပူလှမ်း၍ မရခြင်း၊ မှိုတက်တက်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ ဗေဒါထုတ် ကုန်ပစ္စည်း များကို ထုတ်လုပ်ပုံမှာ ဗေဒါကို အခြောက်လှမ်းပြီး ဗေဒါအလယ်ရိုးကိုထုတ်ယူ၍ ကြိုးကျစ်ပြီး လိုချင်သော လူအသုံး အဆောင် ပစ္စည်းများကို ပြုလုပ်ကြပါသည်။ ထိုလုပ်ငန်းကို မိသားစု တစ်နိုင် တစ်ပိုင်အပြင်၊ စီးပွားဖြစ် လည်းထုတ်လုပ်ရောင်းချသဖြင့် အလုပ်သမား(၁၉)ဦးဖြင့် လုပ်ကိုင်ကြောင်း သိရပါသည်။ ဗေဒါရိုး ဖြင့်ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများမှာ ဦးထုပ်၊ ဖိနပ်၊ လက်ကိုင်အိတ်၊ လက်ဆွဲခြင်း နှင့်ဖျာတို့ဖြစ်ပါသည်။ ထိုပစ္စည်းများထဲမှ ဦးထုပ်၊ ဖိနပ်၊ လက်ကိုင်အိတ် နှင့် လက်ဆွဲခြင်းတို့ကို လိုချင်သောဆေးရောင်များကို လှပအောင်၊ ရောင်းတန်းဝင်အောင် ပြုလုပ်ကြ သော်လည်း၊ ဖျာတစ်မျိုးတည်းသာ သဘာဝအရောင်ဖြင့် သာပြုလုပ်၍ ရောင်းချကြ ပါသည်။ ရောင်းချသော ဈေးကွက်များမှာ အင်းမမြို့၊ တိုက်ကြီး၊ ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့တို့သို့ တင်ပို့ရောင်းချ ကြပါသည်။ ဈေးနှုန်းအနေဖြင့် ဦးထုပ်တစ်လုံးလျှင် ၄၅၀၀ကျပ်၊ လက်ဆွဲခြင်း တစ်ခြင်းလျှင် ၇၅၀၀ကျပ်၊ လက်ကိုင်အိတ်အသေး တစ်လုံးလျှင် ၁၀၀၀၀ကျပ်၊ လက်ကိုင်အိတ် အကြီး တစ်လုံးလျှင် ၁၅၀၀၀ကျပ်၊ ဖျာတစ်ချပ်လျှင် ၅၅၀၀ကျပ်၊ ယောကျ်ားစီးဖိနပ်တစ်ရံလျှင် ၈၅၀၀ကျပ်၊ မိန်းမစီးဖိနပ်တစ်ရံလျှင် ၆၀၀၀ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။
ထို့ကြောင့် ကန်ထဲ၊ မြစ်ထဲ၌ အလေ့ကျပေါက်ရောက်သော အမှိုက်အဖြစ်လွှင့်ပစ်စရာမလိုဘဲ လူအသုံးအဆောင်ပစ္စည်းများအဖြစ်ထုတ်လုပ်ရောင်းချပြီး မိသားစုအပိုဝင်ငွေအပြင် ပို၍လုပ်ငန်း များ တွင်ကျယ်စွာထုတ်လုပ်လာနိုင်ပါက အလုပ်အကိုင်အခွင့်အလမ်းများရရှိလာနိုင်မှာဖြစ်ပါသည်။ ထို့အပြင် ဒီထက်ပိုပြီး တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်လာနိုင်မည်ဆိုပါက နိုင်ငံခြားအထိ တင်ပို့ရောင်း ချနိုင်လျှင် နိုင်ငံခြားဝင်ငွေများလည်း ရရှိလာနိုင်သည့်အပြင် အမှိုက်ထဲက ရွှေအဖြစ် တင်စား လိုက်ရပါသည်။
DOCA (ပဲခူး)