Main menu

ဆောင်းပဲတီစိမ်းသစ်များ ပဲအဝင်များလာပြီး အ‌ရောင်းသွက်နေ

Powered by Drupal

ပြည်ဈေးကွက်မှာဆောင်းပဲသစ်များ ဝင်ရောက်လျက်ရှိရာ ပဲတီစိမ်းသီးများ ဝင်ရောက်မှုများ နေခဲ့ပါသည်။ တစ်ရက်လျှင် အိတ် (၈၀၀/၉၀၀) ကျော်အထိဝင်‌ရောက်ခဲ့ပြီး ဝယ်လိုအားအနေဖြင့် ဝင်ရောက်လာသမျှ အဝယ်ရှိကြောင်းသိရပါသည်။ ရန်ကုန်၊ မန္တလေးလိုင်းသမားများ အဓိက ဝယ်ယူမှုရှိတာကြောင့် အဝင်ရှိခဲ့သလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ ပဲဈေးနှုန်း အနေဖြင့် ပိဿာ (၂၀)တစ်တင်းလျှင် (၉၇၀၀၀)ကျပ် မှ (၉၈၀၀၀၀)ကျပ်အထိ ပဲအရည်အသွေး အလိုက် ဈေးကွာခြားမှုရှိခဲ့ပါသည်။  ပဲတီစိမ်းသီးနှံသည် ယခင်နှစ်ကပြည်ပဝယ်လက်ဈေးကွက်မှာ မတ်ပဲ၊ ပဲစဉ်းငုံ သီးနှံများနှင့်ယှဉ်လျှင်ဈေးအေးခဲ့သည့် သီးနှံဖြစ်ခဲ့သည့်အတွက် တစ်ဆင့် (၆၄၀၀၀)ကျပ်ဖြင့်သာ ရောင်းဝယ်ခဲ့ရပါသည်။ ယခုနှစ်ပဲဈေးနှုန်းအရ ယခင်နှစ်နှင့်ယှဉ်လျှင် ဈေးပိုရ လာသည်ဆိုသော်လည်း မတ်ပဲနှင့်ပဲစဉ်းငုံသီးနှံဈေးမှာ ဆက်လက်လျော့နည်းနေခဲ့ကြောင်း သိရပါ သည်။

DOCA(ပဲခူး)