Main menu

ပြည်ပဲမျိုးစုံဈေးကွက်ဈေးအေးနေ

Powered by Drupal

ပြည်မြို့ပဲဈေးကွက်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲများ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

ပြည်ပဲဈေးကွက်တွင်ဒီဇင်ဘာတတိယပတ်နှင့်စတုတ္ထပတ်တွင်ပဲမျိုးစုံဈေးမှာအပြောင်းအလဲမရှိဘဲအေးလျှက်ရှိပါသည်။ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်မှုမှာပုံမှန်သာရှိပါသည်။

မတ်ပဲတစ်တင်းကို(၁၁၄၀၀၀)ကျပ်ဖြင့်တစ်ရက်ကိုအိတ်၂၅၀အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပဲတီစိမ်းတစ်တင်းကို(၉၇၀၀၀-၉၈၀၀၀)ကျပ် ဖြင့်ရန်ကုန်အဝယ်တစ်ရက် ကိုအိတ်(၆၀၀)ခန့် အဝယ်ဖြစ်ပြီးပဲသစ်များလည်းဝင်လျှက်ရှိနေပါသည်။

ကုလားပဲဈေးမှာတစ်တင်းကို(၁၀၂၀၀၀)ကျပ်ဖြင့်ဈေးအေးနေပြီးမြို့တွင်းအဝယ်တစ်ရက်ကိုအိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ ဘိုကိတ်ပဲတစ်တင်းကို(၉၅၀၀၀)ကျပ် ဈေးဖြင့်မြို့တွင်းနှင့် ရန်ကုန် အဝယ်တစ်ရက်ကိုအိတ်(၅၀-၁၀၀)ခန့်အဝယ်ရှိပါသည်။

ပြည်ပဲဈေးကွက်မှာဒီဇင်ဘာတတိယပတ်နှင့်စတုတ္ထပတ်တို့တွင်ဈေးနှုန်းများပြောင်းလဲမှုမရှိဘဲဈေးအေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)