![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/25_23.jpg?itok=js1FJJvb)
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်သည် ဆန်စပါးနှင့်ပဲမျိုးစုံ အဓိကစိုက်ပျိုးသော်လည်း ကြက်သွန်နီကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလများတွင် တူး ဖော်ကာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသည့် ခရိုင်ဖြစ်၍ စိုက်ဧကအားဖြင့် ပြည်ခရိုင်အတွင်း ပန်းတောင်း မြို့နယ်တွင် ၃၂ ဧက ရွှေတာင်မြို့နယ်တွင် ၆၇ဧက ကို ခုနှစ် နိုဝင်ဘာလကုန်အထိ စိုက်ပျိုးပြီးစီး မှုရှိကြောင်းသိရသည်။ ပြည်ခရိုင်အတွင်း စားသုံးမှုနှင့် နှိုင်းယှဉ်ပါက လိုအပ်ချက်ရှိသဖြင့် ကြက်သွန်နီအဓိကစိုက်ပျိုးရာ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှ တင်သွင်းကာ ရောင်းဝယ်စားသောက် ကြရသည်။ ယခုဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ကြက်သွန်နီ အသစ်များ ပြည်ဈေးကွက်သို့ ရေနံချောင်း၊ တောင်တွင်းကြီး၊ ကျောက်ပန်းတောင်း၊ ဆိပ်ဖြူ စသည့်နယ်ဘက်မှ ကြက်သွန်နီအသစ် များနေ့စဉ်ပိဿာချိန် (၅၀၀၀)ခန့် အဝင်ရှိပြီး ဒီဇင်ဘာလတတိယပတ်အစမှ စတင်ဝင်ရောက်မှုရှိကာ တစ်ပတ်အတွင်း ပိဿာချိန် (၃၀၀၀၀)ပတ်လည်ခန့် အဝင်ရှိနေသည်။ ပြည်ဈေးကွက်သို့ ယခုကာလ တွင် ကြက်သွန်နီ အသစ်များသာ ဝင်ရောက်မှုရှိပြီး အဟောင်းမှာ အဝင်မရှိတော့ဘဲ ပြည်ဈေးကွက်ရှိ ပစ္စည်းလက်ကျန်ဖြင့်သာ ရောင်းဝယ်မှုရှိနေသည်။ အဟောင်းလက်ကျန်မှာ ပိဿာချိန်အားဖြင့် လက်ကားပွဲရုံများနှင့် လက်လီစည် ပင်ဈေးများတွင် (၂၈၀၀၀)ကျပ်ရှိနေပြီး ပစ္စည်းအရည်အသွေးမှာ အစို့ပေါက် အခွံချွတ်များ ဖြစ်နေသဖြင့် အရောင်းအဝယ်မှာ အသစ်နှင့်အတူ မျှတစွာရောင်းဝယ်မှု ရှိနေသည်။ နယ်ကျော်အရောင်းအဝယ်အနေဖြင့် ပြည်ဈေးကွက်မှတစ်ဆင့် သာယာဝတီခရိုင်၊ နတ်တလင်းခရိုင်၊ ပန်းတောင်း(ဥသျှစ်ပင်)နှင့် ရေကြောင်းမှလည်း ထုံးဘို၊ ရွှေဘုံသာ၊ ဆင်တဲ၊ ဧရာဝတီတိုင်းတို့သို့ ရက်ခြားစီးဆင်းမှုရှိနေပြီး ဝင်ရောက်မှု၏ ထက်ဝက်ခန့် ရောင်းဝယ်မှုရှိနေသည်။ ဈေးနှုန်းအနေဖြင့် ပွဲရုံ လက်ကားဈေးမှာ အသစ် (ကြီး၊လတ်၊သေး) တစ်ပိဿာကို ကျပ်(၂၈၀၀-၃၀၀၀-၃၂၀၀)နှုန်း၊ အဟောင်း လက်ကားတစ်ပိဿာကို ကျပ်(၃၀၀၀-၃၃၀၀-၃၆၀၀)နှုန်း နှင့် မြို့ပေါ်လက်လီဈေးတစ်ပိဿာလျှင် အသစ် ကျပ်(၃၅၀၀-၃၈၀၀-၄၀၀၀)နှုန်း၊ အဟောင်းလက်လီ တစ်ပိဿာ ကျပ်( ၃၇၀၀-၄၀၀၀-၄၂၀၀)နှုန်း တို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေ ကြောင်းသိရသည်။
DOCA(ပဲခူး)