Main menu

ရွှေဘိုမြို့တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေ

Powered by Drupal

 ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်သာမက နယ်မြေခြင်းသထိစပ်လျက်ရှိသည့် ရေဦး ခရိုင်နှင့် ကန့်ဘလူခရိုင်မှ အစေ့ထုတ်ပြောင်းများလည်း ဝင်ရောက်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလ၊ စတုတ္ထအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၂၆၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၅၂၅၀)တင်း/ (၁၃၁)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့်ယခင်အပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ယခုအပတ်၌ ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်းအဝင်များသော်လည်း ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)