Main menu

ကန့်ဘလူမြို့နယ်၌ ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၄၅၀)ကျပ်၊ ဥလတ် တစ်လုံးလျှင်(၄၂၀)ကျပ် ၊ ဥသေးတစ်လုံးလျှင်(၄၀၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင်(၇၀၀)ကျပ်၊ ဥသေးတစ်လုံးလျှင် (၆၈၀)ကျပ်၊ ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လကာလတူဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် ဈေးနှုန်းများအနည်းငယ်မြင့်တက်လာကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မများမှ မိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ် ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြ ကြောင်းကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှသိရှိရသည်။

DOCA(စစ်ကိုင်း)