မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၉၈၅၀၀)၊ ကုလား ပဲဟော်လန်(၁)တင်းလျှင် ကျပ်(၉၇၀၀၀)၊ ပဲလွန်းဝါ(ကျွန်း) (၁)တင်းလျှင် ကျပ်(၅၈၀၀၀)၊ ပဲကြီးဖြူ (၁)တင်းလျှင် ကျပ်(၈၅၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၁၀၂၀၀၀)၊ ပဲနောက်(၁)တင်းလျှင် ကျပ် (၉၄၀၀၀)၊ ပဲစဉ်းငုံ(နီ) ကျပ်(၁၂၅၀၀၀)၊ စားတော်ပဲ ကျပ်(၁၄၆၀၀၀)၊ မတ်ပဲ ကျပ်(၁၁၇၀၀၀)၊ မြေပဲ လုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၈၂၀၀)၊ မြေပဲလုံးဆံ(ဖြူ) (၁)ပိဿာလျှင် ကျပ်(၈၇၀၀)၊ မြေပဲ (အောက်ကျဆီဆံ)(၁)ပိဿာလျှင် ကျပ်(၇၅၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး (ပထမပတ်)နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပဲလွန်းဝါ ကျပ်(၃၀၀၀)၊ ပဲတီစိမ်း ကျပ်(၅၀၀၀)၊ မြေပဲလုံးဆံဖြူ ကျပ် (၁၀၀)ဈေးနှုန်း မြင့်တက်ခဲ့ပြီး မြေပဲလုံးဆံ(နီ) ကျပ်(၃၀၀)ဈေးနှုန်းလျော့ကျခဲ့ကြောင်း၊ တင်ပို့မှု အနေဖြင့် တစ်ပတ်အတွင်း ရန်ကုန်မြို့သို့ ကုလားပဲအိတ်ရေ(၅၀၀)၊ ပဲတီစိမ်းအိတ်ရေ(၁၂၀၀)၊ မြေပဲအိတ်ရေ (၅၀၀)၊ မန္တလေးမြို့သို့ မြေပဲအိတ်ရေ(၁၅၀၀)၊ စုစုပေါင်းအိတ်ရေ (၃၇၀၀)တင်ပို့ခဲ့ပြီး တန်ချိန်(၂၇၀) အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)