![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/100_56.jpg?itok=N5ZsRgjZ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးကြပြီး ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။
ယခုအခါ ကန့်ဘလူမြို့နယ်အတွင်းရှိကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် နွေပဲသီးကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ နွေပဲသီးသည် ဆောင်းရာသီးနှင့် နွေရာသီတွင် လှိုင်လှိုင်ထွက်ရှိကြောင်း၊ နွေပဲသီးတွင်(၂)မျိုးရှိပြီး အဖြူရောင်နွေပဲသီးနှင့် အစိမ်းရောင်နွေပဲသီးတို့ဖြစ်ကြောင်း၊ ဒီဇင်ဘာလတတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချလျက်ရှိသည့် နွေပဲသီး(၂၅)ကျပ် သားလျှင် (၁၅၀၀)ကျပ်၊ (၁)ပိဿာလျှင်(၆၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း မြို့မဈေးရှိကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)