Main menu

မကွေးမြို့၏ ချင်းပေါက်စျေးနှုန်း၊ စျေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ သိင်္ဂါရပ်ကွက်တွင် ချင်းပေါက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် (၄)ဦးရှိပြီး ကုန်ကြမ်းအတွက် အဓိကလိုအပ်သော ချင်းတက်ကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ (၁)ပိဿာလျှင် ကျပ်(၃၅၀၀)ဖြင့် အဓိကဝယ်ယူရကြောင်း သိရသည်။

    ချင်းတက်မှ ချင်းပေါက်အဖြစ် ပြုလုပ်ရာတွင် လုပ်သားခအနေဖြင့် (၁)ပိဿာလျှင် ကျပ်(၇၀၀) ပေးချေရကြောင်း၊ အမျိုးသမီးလုပ်သားတစ်ဦး တစ်ရက်လျှင် (၁၀)ပိဿာခန့် ထုတ်လုပ်နိုင်၍ (၁)ရက်ဝင်ငွေမှာ ကျပ်(၇၀၀၀)ခန့်ရရှိကြောင်း၊ ကုန်ချော ချင်းပေါက် (၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ မင်္ဂလာချင်းပေါက်(၁)ပိဿာလျှင် ကျပ်(၄၉၀၀) တို့ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ လုပ်ငန်းရှင်တစ်ဦးလျှင် (၁)ရက် ချင်းပေါက် (၂၀၀)ပိဿာခန့် ဖြန့်ဖြူးပေးရကြောင်း၊ ထွက်ရှိလာသော ချင်းပေါက်များကို မကွေးမြို့ရှိ မြို့မစျေး၊ ရန်ပယ်စျေး၊ ကန်သာစျေး၊ ရန်ကင်းစျေးနှင့် မင်္ဂလာစျေးတို့တွင် ဖောက်သယ်တင်သွင်းပြီး ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)