ယခုလို မိုးဦးကျကာလတွင် ကျေးလက်ဒေသများ၌ နေအိမ်များ၊ နွားတင်းကုပ်များ၊ ထင်းတဲများအား အမိုးများမိုးကြသောကာလ ဖြစ်ပါသည်။ အများအားဖြင့် မိုးဦးကျလေဦးကျတွင် ယခင်နှစ်မှ မိုးထားသောအမိုးများအား အသစ်ပြန်၍ မိုးကြခြင်းဖြစ်ပါသည်။
ဖြူးမြို့ရှိ ဒေသတွင်းကျေးလက်ဒေသများ၌ အများအားဖြင့် ခေါင်းမိုးမိုးရာတွင် တောင်ထန်းအားအဓိကထား၍ မိုးကြပါသည်။ ထို့ကြောင့်ယခုကာလသည် တောင်ထန်းများ အရောင်းသွက်သော ကာလဖြစ်ပါသည်။
၂၀၂ခုနှစ် ဇွန်လအစောပိုင်းတွင် ဖြူးမြို့၊ သပြေလှကျေးရွာရှိ ဦးချစ်ဖြိုးဝင်း၏ တောင်ထန်းအရောင်းဆိုင်တွင် တောင်ထန်း အကြီး (ရှယ်) ၁၀၀ စည်း တစ်စည်းလျှင် ၆၀၀၀၀ ကျပ်၊ တောင်ထန်းကြီး (သင့်) ၁၀၀စည်း တစ်စည်းလျှင် ၅၈၀၀၀ ကျပ်၊ တောင်ထန်းသေး (ရှယ်) ၁၀၀စည်း တစ်စည်းလျှင် ၄၀၀၀၀ ကျပ်၊ တောင်ထန်းသေး (သင့်) ၁၀၀ စည်း တစ်စည်းလျှင် ၃၈၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေပါသည်။
ထို့ပြင် ဝါးဈေးနှုန်းအနေဖြင့် အရှင်ဝါး (၁၀) လုံးစည်း တစ်စည်းလျှင် (၄၀၀၀)ကျပ်၊ တင်းဝါး (၁၀) လုံးစည်း တစ်စည်းလျှင် ၁၃၀၀၀ ကျပ်၊ ၁၂၀၀၀ ကျပ်ဖြစ်ပြီး ကျသောင်းဝါး (ဝါးကြီး) တစ်လုံး လျှင် ၂၅၀၀ ကျပ်မှစ၍ ၃၀၀၀ ကျပ်ခန့်ထိ ရောင်းချပေးနေကြောင်းသိရသည်။
သပြေလှကျေးရွာရှိ ဦးချစ်ဖြိုးဝင်းဆိုင်မှ တောင်ထန်းနှင့် ဝါးများအား ဒေသတွင်း ညောင်ပင်သာ၊ ကညွတ်ကွင်းနှင့် တောကျွဲအင်းများအထိ ဖြန့်ဖြူးရောင်းချပေးနေကြောင်း တောင်ထန်းနှင့် ဝါးများရောင်းချသူဦးချစ်ဖြိုးဝင်း၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(ပဲခူး)