ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ငရုတ်သီး စိုက်ဧက ၁၅ ဧက၊ စိုက်ပျိုးလျက်ရှိသည်။ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ရေခံ၊ မြေခံ၊ ကောင်း၍ ငရုတ်သီးနှံကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ဒေသတွင်းစားသုံးမှု ဖူလုံရေးအတွက် ငရုတ်အစိုကို စိုက်ပျိုးကြပြီး၊ ငရုတ်အခြောက်သီးနှံကို စီးပွားဖြစ် နှစ်စဉ် စိုက်ပျိုးကြကြောင်း သိရသည်။
ပန်းတနော်မြို့နယ် မြစိမ်းကျွန်း ဒေါ်မြမြလွင်စိုက်ပျိုးနေသော ငရုတ်စိုက်ပျိုးခင်း၏ စိုက်ပျိုးမှုကို ရှင်းလင်းပြောကြားရာ ငရုတ် ၁ဧကစိုက်ခင်းတွင် အပင်ရေ ၁၂၀၀၀စိုက်ပျိုးထာကြောင်း၊ တန်ဆောင်မုန်းလ တွင် စတင်စိုက်ပျိုးပြီး ၄လအကြာတွင် ငရုတ်ထွက်ရှိကြောင်း သိရသည်။ မျိုး၊ သွင်းအားစု၊ လုပ်သားခ၊ ထွန်ယက်ခ၊ ရေတင်ခ၊ အပါအဝင်ကုန်ကျစရိတ် ၁၀သိန်းကျပ်ခန့် ကုန်ကျစရိတ်ရှိ ကြောင်း သိရသည်။ ငရုတ် ထွက် ရှိမှုအနေဖြင့် ၁ဧကကို ပိဿာချိန် ၅၀၀ထွက် ပြီး ငရုတ်သီးစိမ်း ဈေးနှုန်းအနေဖြင့် ၁ပိဿာ ၅၀၀၀ကျပ် ဈေးဖြင့် လက်လီရောင်းချနေပြီး ငွေကျပ် ၁၅၀၀၀၀၀ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
DOCA (ဧရာဝတီ)