Main menu

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံ စားသောက်ကုန်ဈေးနှုန်းများဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး တစ်ပြည် ၈၅၀၀ ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၅၅၀၀ ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက် ကုန်ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၅၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၈၀၀၀ ကျပ် ၊ (ရှမ်းစ)တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ငရုပ်ခြောက်(ရှည်) တစ်ပိဿာ ၁၉၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၅၅၀၀ ကျပ် အာလူး တစ်ပိဿာ ၆၀၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၉၀၀၀ ကျပ်နှင့်ချင်း တစ်ပိဿာ ၆၅၀၀ ကျပ် စသဖြင့် ရောင်းဝယ် လျက်ရှိပါသည်။

ကျိုင်းတုံမြို့တွင် ဒီဇင်ဘာလ ဒုတိယအပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်း ဆီ တစ်ပိဿာ ၁၃၅၀၀ ကျပ်၊ ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၅၀၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၈၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်း များမှာ ကြက်သား (CP) တစ်ပိဿာ ၁၉၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၃၃၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၆၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယအပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်ဖြူ(ကြူကုတ်)၊ မန်ကျည်းသီးမှည့်၊ ငရုပ်ခြောက် (ရှည်)နှင့်ဝက်သား ဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လာပြီး အာလူး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့်ကြက်ဥ ဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းခဲ့ပါသည်။ ကျန်အခြေခံစား သောက်ကုန်ဈေးနှုန်း များမှာတည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)