Main menu

ဈေးကွက်ရနေသော ဖီးကြမ်းငှက်ပျော

Powered by Drupal

အညာဒေသ လယ်တွင်းကိုးခရိုင်တွင် တစ်ခုအပါအဝင်ဖြစ်သည့် ကျောက်ဆည်မြို့နယ်တွင် ငှက်ပျောသီးနှံ စိုက်ပျိုးမှုအား တစ်နိုင်တစ်ပိုင် စိုက်ပျိုးမှုမှ စီးပွားဖြစ်စိုက်ပျိုးမှုများလာကြပါသည်။ ငှက်ပျော စိုက်ပျိုးရာတွင် အရင်းအနှီးများသော်လည်း အမြတ်များများကျန်ပြီး တွက်ခြေကိုက်သဖြင့်  စီးပွားဖြစ် စိုက်ပျိုးသူများလာကြောင်း ငှက်ပျောစိုက် တောင်သူများထံမှ သိရပါသည်။

ငှက်ပျောကို မေလ နှင့် ဇွန်လများတွင် စတင်စိုက်ပျိုးကြပြီး ငှက်ပျောဆို့ (ခေါ်) ငှက်ပျောပင် ပေါက်ကလေးများကို တစ်ပင်နှင့်တစ်ပင် ရှစ်ပေခြားကာ စိုက်ပျိုး၍ (၉-၁၀)လအကြာတွင် ငှက်ပျောဖူးများ စတင်ထွက်ရှိလာပါသည်။ ငှက်ပျောဖူးထွက်ပြီး (၃)လကြာလျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်တစ်ခိုင်ကို ရရှိကာ ငှက်ပျောခိုင် တစ်ခိုင်လျှင် ၉ ဖီး မှ တစ်ဖီးလျှင် အသီး (၁၀ မှ ၁၅)လုံး အထိထွက်ရှိတတ်ပါသည်။ ငှက်ပျောတစ်ဧကလျှင် အပင်(၈၀၀)စိုက်ပျိုးကြပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် ငှက်ပျောအပင်ပေါက် ဝယ်ယူခ၊ ကျင်းတူးခ၊ စိုက်ခ၊ စက်မောင်းခ၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း (၁၀၀၀၀၀ဝိ/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်းနှင့် တစ်ဧကအထွက်နှုန်းအနေဖြင့် ငှက်ပျောခိုင်(၄၀)ပါ လှည်းအစီး ပျမ်းမျှ(၁၆-၁၇)စီးခန့် ထွက်ရှိကြောင်း ငှက်ပျောစိုက်တောင်သူများထံမှ လေ့လာသိရှိရပါသည်။

            ငှက်ပျောပင်များသည် စိုက်ပျိုးပြီး တစ်နှစ်နည်းပါး အချိန်ကြာကြာစောင့်ရသော်လည်း ရောင်းတန်းဝင် အပင်များ ဖြစ်လာပါက ငှက်ပျောခိုင်၊ ငှက်ပျောဖူး၊ အရွက်၊ ပင်စည်ထဲမှ ငှက်ပျောအူများပါ ရောင်းချရပြီး ထွက်ရှိသည့် အသီးအရွယ်အစားပေါ်မူတည်၍ ဖီးကြမ်းငှက်ပျောတစ်ဖီးလျှင် (၁၀၀၀/- မှ ၄၀၀၀/-)ကျပ်၊ သီးမွှေးငှက်ပျောတစ်ဖီးလျှင် (၃၀၀၀/- မှ ၇၀၀၀/-)ကျပ်၊ ရွှေနီငှက်ပျောတစ်ဖီးလျှင် (၄၀၀၀/- မှ ၅၀၀၀/-)၊ ရခိုင်ငှက်ပျောတစ်ဖီးလျှင်(၁၀၀၀/- မှ ၂၀၀၀/-)ကျပ်၊ ငှက်ပျောဖူး တစ်ဖူးလျှင် (၅၀၀/-)ကျပ်တို့ဖြင့် ဈေးကွက် အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(ရှမ်း)