Main menu

အထက်မင်းလှမြို့နယ်၊ ဇီးတောကျေးရွာ၌ ဆောင်းသီးနှံကုလားပဲစတင်စိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စု၊ ဇီးတောကျေးရွာသည် ဝါ၊ ကုလားပဲ၊ ပဲစဉ်းငုံ၊ ပဲနက်၊ စပါးနှင့် ခရမ်းချဉ်သီးတို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိပြီး ၎င်းသီးနှံများထဲမှ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ကုလားပဲသီးနှံစိုက်ဧက(၃၀)ဧကခန့်အား တောင်သူ (၁၀)ဦးမှ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   ကုလားပဲမျိုးအနေဖြင့် (မြကြေး)မျိုးကိုအများဆုံးစိုက်ပျိုးကြပြီး  ယခင်နှစ်ကုလားပဲစိုက်ခင်းမှ ထွက်ရှိသည့် ကုလားပဲများကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးကြကြောင်း၊ (၁)ဧကလျှင် မျိုး(၂)တင်း ခန့်ကုန်ကျပြီး ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၃)လအကြာတွင် ခူးဆွတ်ရကြောင်း၊ ယခင်နှစ်နည်းက (၁)ဧကလျှင် ကျပ်(၁)သိန်းခွဲခန့် ကုန်ကျသော်လည်း ယခုနှစ်တွင် သွင်းအားစုစရိတ်မြင့်တက်လာ၍ လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါ အဝင် ကျပ်(၂)သိန်းခန့် ကုန်ကြကြောင်း၊ ယခင်နှစ်က (၁)ဧကလျှင် (၁၀)တင်းထွက်ရှိပြီး (၁)တင်း လျှင် ကျပ်(၉)သောင်းဈေးရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်(၇)သိန်းခွဲခန့် ရရှိခဲ့ကြောင်း၊ ဈေး ကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့တင်ပို့ရောင်းချကြောင်း၊ ယခုဒီဇင်ဘာလ (ဒုတိယပတ်)တွင် ကုလားပဲ(၁)တင်းလျှင် ကျပ်(၉၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇီးတောကျေးရွာနေ ကုလားပဲစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)