Main menu

အထက်မင်းလှမြို့နယ်၊ ဇီးတောကျေးရွာ၌ ပဲနက်(ခေါ်)မောင်မခေါ်ပဲများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဘွဲ့ကျေးရွာအုပ်စုရှိ ဇီးတောကျေးရွာ၌ ပဲနက် (ခေါ်)မောင်မခေါ်ပဲကို တောင်သူ(၂၀)ဦးမှ စိုက်ဧက(၄၀)ဧကခန့်အား ၂၀၂၄ခုနှစ်၊ အောက်တိုဘာလတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

    စိုက်ပျိုးရာတွင် မျိုးကို အထက်မင်းလှမြို့ပေါ်ရှိ ပွဲရုံများမှ (၁)တင်းလျှင် ကျပ်(၈၀၀၀၀)ဖြင့် ဝယ်ယူ၍ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ (၁)ဧကလျှင် မျိုး(၁)တင်းခန့်ကုန်ကျပြီး အပင်သက်တမ်း(၅)လအကြာတွင် ခူးဆွတ်ရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်း တူ ယခုနှစ်တွင်လည်း မျိုးဖိုး၊ လုပ်အားခ၊ မြေပြုပြင်ခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ် (၃)သိန်းခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က (၁)ဧကလျှင် (၁၅)တင်းထိထွက်ရှိပြီး (၁)တင်းလျှင် ကျပ် (၈၀၀၀၀)ထိဈေးရရှိကာ အကျိုးအမြတ်အနေဖြင့် ကျပ်(၉)သိန်းရရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း ရာသီဥတုသမမျှတ၍ ပဲပင်များအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ယခင်နှစ်နည်းတူ အထွက်နှုန်းများ ကောင်းမွန်နိုင်မည်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ ယခုဒီဇင်ဘာလ(ဒုတိယပတ်)တွင် ပဲနက်(ခေါ်)မောင်မခေါ်ပဲ(၁)တင်းလျှင် ကျပ် (၈၈၀၀၀) ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဇီးတောကျေးရွာနေ ပဲနက်စိုက်တောင်သူတစ်ဦး ထံမှ သိရှိရပါသည်။

DOCA(မကွေး)