Main menu

အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာ၌ ပျိုးပင်စိုက်ကြက်သွန်နီများစိုက်ပျိုးလျက်ရှိ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ပန်းတော်ပြင် ကျေးရွာသည် နေကြာ၊ ဝါ၊ ကြက်သွန်နီ၊ ပဲစဉ်းငုံ၊ ကုလားပဲနှင့် အခြားမီးဖိုချောင်သုံး သီးနှံများကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

    ကြက်သွန်နီစိုက်ပျိုးရာတွင် ပျိုးပင်စိုက်နှင့် ဥစိုက်ဟူ၍ရှိပြီး ယခုအချိန်တွင် ပျိုးပင်စိုက် ကြက်သွန်နီကို တောင်သူ(၂၀)ဦးမှ စိုက်ဧက(၃၀)ဧကနီးပါးစိုက်ပျိုးထားကြောင်း သိရသည်။ မျိုး အနေဖြင့် ယခင်နှစ်ကြက်သွန်နီစိုက်ခင်းမှထွက်ရှိသည့် ကြက်သွန်နီမျိုးဥများမှ မျိုးစေ့အနှံယူကာ မျိုးအဖြစ်ဖယ်ချန်၍  ပျိုးထောင်ပြီး စိုက်ပျိုးကြကြောင်း၊ (၁)ဧကလျှင် မျိုး(၆)ပြည်မှ (၇)ပြည်ထိ ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း (၁၀၀)ခန့်တွင် တူးဖော်ရကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် ကျပ်သိန်း(၂၀)ခန့်ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင်မှု သွင်းအားစုစရိတ်မြင့်တက်လာ၍ လုပ်အားခ၊ ရေသွင်းခ၊ မြေပြုပြင်ခနှင့် အခြားသွင်း အားစုစရိတ်အပါအဝင် ကျပ်သိန်း(၃၀)ထိကုန်ကျကြောင်း၊ ယခင်နှစ်က (၁)ဧကလျှင် ပိဿာချိန် (၃၅၀၀) ထွက်ရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၃၀၀၀)ထိရရှိခဲ့၍ အကျိုးအမြတ်အနေဖြင့် ကျပ်(၆၇)သိန်းကျော်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့၊ ဘုရင်နောင်ပွဲရုံသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခု ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၃၅၀၀-၄၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းတော်ပြင်ကျေးရွာနေ ကြက်သွန်နီ စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)