Main menu

အုတ်ဖိုဝါးခမောက်လုပ်ငန်း

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးမှုမှ  နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှု ဖြစ်ပေါ်လာမည်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏အားပေးမြှင့် တင်မှုနှင့် အတူ(MSMEs)လုပ်ငန်းများစွာ ရှိသည့်အနက် အုတ်ဖိုမြို့နယ်အောင်၊မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ (၂)လမ်းရှိ စီးပွားရေးလုပ်ငန်းရှင်ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်ငန်း မှာဖြစ် ထွန်း အောင်မြင်လာ  ပြီဖြစ်ကြောင်းသိရှိရ၍ ဝါးခမောက်လုပ်ငန်း လုပ်ကိုင်ရာနေရာသို့ စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက် တွေ့ဆုံလေ့လာခဲ့ပါသည်။

            ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်ငန်းသည်  ကုန်ကြမ်းများရင်းနှီးမြှပ်နှံမှုအနေဖြင့် ဝါး၊ ဝါးပလပ် ၊အချဉ်တံ၊ အပ်ချည်အမျိုးမျိုး၊ ဖယောင်း၊ သင်္ဘောဆေး၊ ဓါတ်ဆီ၊ ပလပ်စတစ်ကြိုး၊ စသည်ဖြင့်ရင်းနှီးမတည်မှုကျပ်သိန်း (၁၀၀၀၀၀၀၀)တစ်ရာရင်းနှီးရပြီး၊ ဝါးခမောက်လုပ်ငန်းလုပ် ကိုင်ရန်လုပ်သားဦးရေ (၂၀)ခန့်နှင့် လုပ်ကိုင်ရသဖြင့်အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ပါသည်။ ထုတ်လုပ်မှုအနေဖြင့် ပန်းချော၊ငါးကြင်းကွက်၊ ဗီယက်နန်၊ပဲခူးသူစသည်ဖြင့်ပုံစံ  အမျိုးမျိုးဖြင့် ထုတ်လုပ်ရောင်းချရပါသည်။ ဝါးခမောက်တစ်လုံးလျှင် ရင်းနှီးမြှပ်နှံမှုကုန်ကျစရိတ်အနေဖြင့် ၂၅၀၀ကျပ် ခန့်ကုန်ကျပါသည်။ ဈေးအတွင်း လက်ကားရောင်းဈေးအနေဖြင့်၃၀၀၀ ကျပ်မှ ၃၅၀၀ကျပ် အထိ ဈေးနှုန်းရရှိပါသည်။ တစ်လုံးလျှင်ပျမ်းမျှ အမြတ်ငွေ(၇၂၀/)ကျပ်အမြတ်ရရှိပြီး တစ်လလျှင်ဝါးခမောက်အလုံးရေ (၇၀၀) လုံးခန့်ရောင်းချရသဖြင့် တစ်လအမြတ်ငွေကျပ် (၅၀၀၀၀၀)ကျပ်ရရှိနိုင်ပါသည်။ တစ်နှစ်ပတ်လုံး ကုန်ကြမ်းများသိုလှောင်ထားရှိပြီး လုပ်ငန်းလုပ်ကိုင်ရသဖြင့် ယခင်နှစ်တွင် အကျိုးအမြတ်အနေဖြင့် လစဉ်အမြတ်ငွေ ကျပ် (၉၀၀၀၀၀) ခန့်အမြတ်ရရှိခဲ့ပါသည်။  ယခုနှစ် ဝါးပလပ်ရွက်ပေါက်ဈေးမှာ တစ်ရွက်လျှင် (၄၂)ကျပ်ခန့် မြင့်တက်လာသဖြင့် အမြတ်ဝင်ငွေ နည်းပါးသွားပြီး (၅၀၀၀၀၀) သိန်းကျပ်ခန့်သာ အမြတ်ရရှိပါသည်။

          ဈေးကွက်ရောင်းချမှုအနေဖြင့်ဒေသတွင်း၊ပဲခူး၊ပြည်၊မန္တလေးမြို့၊ပြင်ဦးလွင်မြို့တို့ရှိဈေးကွက်များသို့တင်ပို့ ရောင်းချရကြောင်းနှင့် ဝါးခမောက်များကို နွေ၊ မိုး၊ ဆောင်း၊ ရာသီသုံးမျိုး စလုံးတွင် အသုံးပြုနိုင်ကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)