Main menu

စပါးပေါ်ချိန်တောင်သူပျော်ချိန်

Powered by Drupal

            ဝါလကင်းလွတ် သီတင်းကျွတ်တော့မည်ဖြစ်၍ မိုးစပါးများ စတင်ရိတ်သိမ်း စပြုတော့မည့်ကာလ တစ်ခုဖြစ်ပါသည်။

စပါး

          စပါးကိုကြိတ်ခွဲခြင်းဖြင့်ဆန်ရရှိပါသည်။ ဆန်သည် မြန်မာလူမျိုးတို့ အဓိကစားသုံးသော အစားအစာတစ်ခုဖြစ်သကဲ့သို့ တစ်ချို့မြန်မာမုန့်များပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ ဆန်စပါး သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပြီး မြန်မာနိုင်ငံဟုဆိုလိုက်လျှင်လည်း ဆန်စပါးပေါကြွယ်ဝသော နိုင်ငံအဖြစ် ကမ္ဘာနိုင်ငံများထဲတွင် သက်ဝင်ထင်ရှားပါသည်။

စိုက်ပျိုးပုံ

          စပါးသည် ရာသီနှစ်ရာသီအပြင်အချို့နေရာဒေသများတွင် ခုလပ်စပါးအဖြစ်လည်း စိုက်ပျိုးကြပါ သည်။ နွေစပါးနှင့် မိုးစပါးဟူဖြစ်ပြီး စိုက်ပျိုးရပုံလည်းတူပါသည်။ မြက်ခုတ်ပေါင်းသင်၊ထည်ထိုး၍ စပါးအစေ့ချ စိုက်ပျိုးနိုင်သကဲ့သို ပျိုးပင်ကလေးများနှုတ်ကာ ကောက်စိုက်သမများဖြင့် အပင်မြေစိုက် စိုက်ပျိုးနိုင်ခြင်းဖြစ်ပါသည်။ မိုးစပါးသည် မိုးရေကိုမှီ၍ စိုက်ပျိုးနိုင်ပြီး နွေစပါးသည် လယ်ရေသွင်းနည်း ဖြင့် ဆည်မြောင်း၊ချောင်း၊အိုင်များကို အမှီပြုကာ စိုက်ပျိုးနိုင်ပါသည်။ ခုလပ်(ရေကျနောက်လိုက်) စပါးသည် မိုးအကုန် နွေရာသီအစပိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။

ရိတ်သိမ်းပုံနှင့်သိမ်းဆည်းပုံ

          စပါးကိုရိတ်သိမ်းပုံအမျိုးမျိုးဖြင့် ရိတ်သိမ်းကြပြီး နေရာဒေသအလျောက် ရိတ်သိမ်းပုံကွဲပြားမှု များလည်းရှိပါသည်။ ယခင်ကာလများတွင် စပါးကိုရင့်မှည့်အောင်ထား၍ စပါးရိတ်သမများ နှင့် ရိတ်ကာ တလင်းထဲတွင် နွားများဖြင့် နယ်ပြီးရရှိလာသော အစေအဆံများကို လေတဖြူးဖြူးတွင် ဂေါ်ထိုး၍ အပြောင်သန့်စင်ကာ အိတ်ခွံထဲထည့်၍ ဆန်စက်ပို့ခြင်း၊ စပါးကျီများတွင် သိမ်းဆည်းကြပါသည်။ ယခုကာလများတွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှ စက်ယန္တရားကြီးများ ပေါများလာသည့် အတွက် ရိတ်ခြွေစက်များဖြင့် ရိတ်သိမ်းကြပါသည်။ ခြွေစက်မှ ကျလာသောစပါးများကို နေပူပူထဲတွင် ဖြန့်လှန်းခြင်း၊ အခြောက်ခံစက်ဖြင့် အခြောက်ခံကာ ဆန်စက်ပို့၍ လည်ကောင်း၊ စပါးကျီထဲတွင် လည်ကောင်း ထားသိုသိမ်းဆည်းကြပါသည်။ ခြွေစက်ဖြင့် ရိတ်သိမ်းခြွေလှေ့ခြင်းသည် အလေအလွင့် အနည်းငယ်ရှိသော်လည်း အချိန်ကုန်သက်သာ၍ အလုပ်သမားအင်အား အသုံးပြုရခြင်းနည်း၍ တောင်သူဦးကြီးများအတွက် အသုံးဝင်သော စက်ပစ္စည်းများလည်းဖြစ်ပါသည်။ အောက်တိုဘာလမှစ၍ နိုဝင်ဘာလကုန်အထိ စပါးလှိုင်လှိုင်ပေါများပြီး စပါးစိုက်တောင်သူများ ငွေရွှင်သော ကာလတစ်ခုဖြစ်ပါ သည်။ ကူးသန်းရောင်းဝယ်ကြသော စပါးပွဲစားများ ရောင်းချသူတောင်သူများဖြင့် လယ်ကွင်းထဲတွင် စည်ကားလျက်ရှိပါသည်။ ပွဲစားဟုခေါ်ယူ သုံးနှုန်းခြင်းသည် လယ်ကွင်းထဲအရောက် တောင်သူများထံမှ လာရောက်ဝယ်ယူပြီး ဆန်စက်ကြီးနှင့် စပါးပွဲရုံများသို့ တင်ပို့ရောင်းချနေသူဖြစ်ပါသည်။ တချို့တောင်သူ ဦးကြီးများသည် ရိတ်ခြွေစက်မှကြလာသော စပါးကို လာရောက်ဝယ်ယူသော ပွဲစားထံသို့ တိုက်ရိုက် ရောင်းချသူများလည်း ရှိပါသည်။ တချို့သည် နေပူလှန်း၍ အခြောက်ခံကာ ဆန်စက်ကြီးများသို့ ပို့ဆောင် ပြီး ဆန်ကြိတ်ခွဲ ရောင်းချသူများလည်း ရှိပါသည်။

          ကျွန်ပ်တို့လိုအပ်သော စားနပ်ရိက္ခာဆန်စပါးကို ရာသီဥတုနှင့်ယှဉ်၍ ပင်ပန်းကြီးစွာ စိုက်ပျိုးကြ သော တောင်သူဦးကြီးများအတွက် နိုင်ငံတော်မှစိုက်ပျိုးစရိတ် ထုတ်ချေးလျက်ရှိပြီး တောင်သူလယ် သမားများ အကျိုးအမြတ်ရရှိရေးနှင့် စားသုံးသူများ သင့်တင့်လျောက်ပတ်သော ဈေးနှုန်းဖြင့် ဝယ်ယူ စားသုံးနိုင်ရေး နိုင်ငံတော်အစိုးရမှ ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

          ပဲခူးတိုင်းဒေသကြီး‌၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်အနီးတဝိုက်တွင် ထွက်ရှိသော စပါးကို လယ်ကွက်အတွင်း စပါးအစို တင်း(၁၀၀)လျှင် ၁၄၀၀၀၀၀ကျပ်  ဆန်စက်အရောက် စပါးအစို တင်း (၁၀၀)လျှင်  ၁၅၀၀၀၀၀ကျပ် ရောင်းချနေရကြောင်း စပါးစိုက် တောင်သူဦးကြီး တစ်ဦးထံမှ သိရှိ ရပါသည်။ စပါးဈေးသည်အချိန်နှင့်အမျှ ဈေးနှုန်းအပြောင်းအလဲ  ရှိနေကြောင်းကိုလဲ စပါးဝယ်ယူသူထံမှ သိရှိရပါသည်။

DOCA(ပဲခူး)