Main menu

ပြည်ဒေသ၏ ကျောက်ဖရုံသီး ဈေးကွက်

Powered by Drupal

            ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက်တန်ဖိုးရှိသော အသီးအနှံဖြစ်ပါသည်။ ကျောက်ဖရုံ သီးကိုဟင်းချက်၍ စားကြသလို ကျောက်ဖရုံသီးကို ယိုထိုး၍လည်း စားသုံးကြပါသည်။ ကျောက်ဖရုံပင်ကို စင်ထိုး၍ စီးပွားဖြစ်စိုက်ပျိုးနိုင်သည့်အပြင် နေရာဒေသမရွေး အလေ့ကျပေါက်သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ပြည်ဈေးကွက်တွင် ကျောက်ဖရုံသီးများ အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ပြည်ဒေသအနီးတဝိုက်ရှိ ကျေးရွာများ၊ သဲကုန်းမြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့် ရွှေတောင်မြို့ရှိ ကျေးရွာများမှ တင်ပို့ရောင်းချလျက်ရှိပါသည်။ ရန်ကုန်မြို့ရှိ ဒညင်းကုန်းဈေးနှင့် သီရိမင်္ဂလာဈေးများသို့ အခြားကုန်စိမ်းများနှင့်အတူတင်ပို့ ရောင်းချကြကြောင်း သိရပါသည်။ ဇွန်လပထမပတ်တွင်စတင်ကာ ကျောက်ဖရုံသီးများ စတင်ပေါ်နေပြီဖြစ်ကြောင်း၊ တစ်ပင်လျှင် အလုံး(၅၀)မှ (၇၀)အထိသီးကြောင်း သိရသည်။ ကျောက်ဖရုံသီးများကို ပီနံတစ်အိတ်လျှင် (၆)လုံးပါ အိတ် (၂၀-၂၅)အိတ်အထိ ရန်ကုန်သို့ကားများဖြင့် တင်ပို့ရကြောင်းသိရသည်။ ကျောက်ဖရုံသီးဈေးမှာ ပေါ်ကာစအချိန်တွင် အလုံးကြီးတစ်လုံးလျင် ၂၅၀၀- ၃၀၀၀ ကျပ်နှင့် အလုံးသေးတစ်လုံးလျှင် (၁၅၀၀ -၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။ လက်ရှိပေါက်ဈေးအရ ကျောက်ဖရုံယို တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်ရှိကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)