မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့်မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုး မှုရှိပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲကို (၆၃၈၆၀)ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်း (၄၂.၁၉)တင်းနှုန်းဖြင့် တင်းပေါင်း(၂၆၉၄၅၅၁)တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲ စိုက်ပျိုးမှုအနေဖြင့် (၁၈၄)ဧကသာ စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၄၆)တင်းဖြင့် တင်းပေါင်း(၈၄၆၄)တင်း ထွက်ရှိခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးမြေပဲကို စိုက်ပျိုးရန်လျာ ထားမှုအနေဖြင့် (၅၈၂၇၁) ဧကလျာထားမှုရှိပြီး မိုးရာသီကုန်အထိ (၆၅၈၉၀)ဧကစိုက်ပျိုးပြီး ရိတ်ဧက(၂၈၅၁၁)ဧက ရိတ်သိမ်းပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၄၂.၂၄)တင်း ထွက်ရှိ ခဲ့ပါသည်။ အထွက်တင်းစုစုပေါင်း(၁၂၀၄၂၀၄) တင်းထွက်ရှိခဲ့ပါသည်။ ဆောင်းမြေပဲစိုက်ပျိုးရန် လျာထားမှုမှာ(၃၁၉)ဧကရှိပြီး ယခုစိုက်ပျိုးပြီးစီးမှုမှာ(၁၄၁)ဧက ရှိပါသည်။ ထွက်ရှိသော မြေပဲများကို ကျောက်ပန်းတောင်းမြို့နှင့်ထိစပ်လျက်ရှိသော ကျေးရွာများမှ မြို့ပေါ်ရှိ ပွဲရုံများနှင့် ဆီစက်များသို့လာရောက်ရောင်းချကြပါသည်။ ၂၀၂၃-၂၀၂၄ခုနှစ် ဒီဇင်ဘာလတွင် မြေပဲဆီဆံ တစ်တင်းလျှင်(၁၀၀၅၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင်(၁၀၅၀၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်း လျှင်(၁၂၀၀၀၀)ကျပ်များဖြင့်ရောင်းချခဲ့ကြပြီး၊ ၂၀၂၄-၂၀၂၅ခုနှစ်ကာလတူလတွင် မြေပဲဆီဆံ တစ်တင်းလျှင်(၁၂၄၅၀၀)ကျပ်၊ မြေပဲလုံးဆံတစ်တင်းလျှင်(၁၂၇၅၀၀)ကျပ်၊ မျိုးမြေပဲတစ်တင်း လျှင်(၁၃၅၀၀၀)ကျပ်ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။
၂၀၂၄-၂၀၂၅ခုနှစ်တွင် ကျောက်ပန်းတောင်းမြို့နယ်၏ မြေပဲတစ်ဧကစိုက်ပျိုးမှု ကုန်ကျ စရိတ်အနေဖြင့်(၉၄၁၀၀၀)ကျပ်ဝန်းကျင်ကျသင့်ပြီး တစ်ဧကပျမ်းမျှအထွက်တင်း (၄၂.၁၉)တင် နှုန်းထွက်ရှိခဲ့ပါသည်။ ပေါ်ချိန်တွင် မြေပဲတောင့်တစ်တင်းလျှင်(၃၈၅၀၀)ကျပ်နှုန်းရောင်းချခဲ့ရပြီး၊ တစ်ဧကဝင်ငွေ(၁၆၂၄၃၁၅)ကျပ်ရရှိ၍ တောင်သူအကျိုးအမြတ်မှာ(၆၈၃၃၁၅)ကျပ်ရရှိပါသည်။ ဒေသတွင်ထွက်မြေပဲများကို ယခင်က အခြားဒေသများသို့တင်ပို့ရောင်းချမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပြည်ပသို့ရောင်းချမှုနည်းပါးလာပြီး ဒေသတွင်း၌သာ ဆီကြိတ်ခွဲသုံးစွဲမှုများလာ ပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံမြေပဲကို ပိုမိုစိုက်ပျိုးပြီး ပြည်ပသို့ ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများပြုလုပ်ပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံလာခြင်း၊ တိရစ္ဆာန်အစာများပေါများလာခြင်း၊ ဒေသတွင်းလုပ်သားများအလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေခြင်းအပြင် ဘေးအန္တရာယ်ကင်းသော ဆီများစားသုံးရ ခြင်းကြောင့် ကျန်းမာရေးညီညွတ်ကောင်းမွန်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာစေ သည့်အတွက် ဆီထွက်သီးနှံမြေပဲကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။
DOCA(မန္တလေး)