ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ ဒီဇင်ဘာလ ပထမအပတ်တွင် ဖြစ်ပေါ် နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် (31၀၀၀၀)ကျပ်၊ မနောသုခ ဆန်တစ်အိတ်လျှင် (210၀၀၀) ကျပ်၊ ရှမ်းဆန်တစ်အိတ်လျှင် (192၀၀၀) ကျပ်ရှိပြီး၊ စားသုံးဆီဈေးနှုန်းများမှာ စားသုံးဆီ(ရိုးရိုး) တစ်ပိဿာလျှင် (23၀၀၀) ကျပ်ရှိပြီး၊ ကြက်သွန်နီ တစ်ပိဿာလျှင် (90၀၀) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (180၀၀) ကျပ်၊ ကုန်စိမ်း ဈေးနှုန်းမှာ အာလူး တစ်ပိဿာလျှင် (6၀၀၀) ကျပ်၊ ကုလားပဲ တစ်ဗူးလျှင် (25၀၀) ကျပ်၊ ပဲနီပြားတစ်ဗူးလျှင် (20၀၀) ကျပ်၊ ဘိုကိတ်ပဲတစ်ဗူးလျှင် (20၀၀) ကျပ်၊ ပဲဇီးကွက် တစ်ဗူးလျှင်(၁5၀၀) ကျပ်၊ ပဲနီလေးတစ်ဗူးလျှင် (3၀၀၀) ကျပ်၊ မုန်ညှင်းချဉ် တစ်ပိဿာ လျှင် (90၀၀) ကျပ်၊ ငြုပ်သီးခြောက် တစ်ပိဿာလျှင် (၂9၀၀၀) ကျပ်၊ ငြုပ်သီးစိမ်း တစ်ပိဿာလျှင် (100၀၀) ကျပ်ရှိပြီး အသားငါးဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာလျှင် (3၅၀၀၀) ကျပ်၊ ကြက်သား(ဒေသကြက်) တစ်ပိဿာလျှင်(46၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင်(၂၅၀၀၀) ကျပ်၊ ငါး (အာဗြဲခြောက်) တစ်ပိဿာလျှင် (၃၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မူဆယ်မြို့ လက်လီဈေး ရောင်းချသူများမှတစ်ဆင့် သိရှိရပါသည်။
ကုန်သွယ်မှုအနေဖြင့် နိုင်ငံရေးအခြေအနေများကြောင့် ပို့ကုန်/ သွင်းကုန်များရပ်ဆိုင်ထားပြီး၊ မူဆယ်မြို့နယ်အတွင်းရှိ ပြည်သူလူထုအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မြန်မာ-တရုတ် နယ်စပ် ဆင်ဖြူဂိတ်ပေါက်မှ တစ်ပိုင်တစ်နိုင် စားသောက်ကုန်ပစ္စည်းများ သယ်ယူဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါသည်။ ယခုအပတ်တွင် တရုတ်ငွေ (၁၀၀) ယွမ်လျှင် မြန်မာငွေ (၆၀,၀၀၀ - ၆၀၅၀၀) ကျပ် ဝန်းကျင် လဲလှယ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(ရှမ်း)