ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သံတံတားရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် အိမ်တွင်းလုပ်ငန်းဖြစ်သော ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်သောလုပ်ငန်းလုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်ရာတွင် အသုံးပြုရသောကုန်ကြမ်းမှာဝါးဖြစ်ပြီး ကုန်ကြမ်းကို ဒေသတွင်းရှိဝါးဆိုင်များမှ ဝယ်ယူရရှိပါသည်။ ခြင်းတောင်းတစ်ခြင်း ထုတ်လုပ်ရာတွင် ကုန်ကျစရိတ်အနေဖြင့် ၃၅၀ဝကျပ်ခန့်ကုန်ကျပြီး ၂၀၂၄ခုနှစ် စက်တင်ဘာလ တတိယပတ်တွင် ခြင်းတစ်ခြင်းရောင်းရငွေမှာ ၄၅၀ဝကျပ်ခန့်ရရှိသည့်အတွက် ခြင်းတစ်ခြင်းရောင်းရငွေ အကျိုးအမြတ်မှာ ၁၀၀ဝကျပ်ခန့်ရရှိကြောင်း သိရှိရပါသည်။ တစ်နေ့လျှင် ခြင်း(၁၀)ခြင်းခန့် ထုတ်လုပ်နိုင်ပြီး ဒိုက်ဦးမြို့နယ်အတွင်းရှိ ငါးပွဲရုံများနှင့် ငါးပိပွဲရုံများသို့ ပေးပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိတွင် အဆိုပါ ငါးခြောက်ခြင်းတောင်းနှင့် ငါးပိခြင်းတောင်း ရက်လုပ်သောလုပ်ငန်းကို လုပ်သား (၅)ဦးခန့်ဖြင့် မိသားစု တစ်နိုင်တစ်ပိုင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)