2024ခုနှစ် နိုဝင်ဘာလအတွင်းရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ရုံးခန်းမတွင်ပြုလုပ်သောအသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံးဆွေးနွေး ပွဲကျင်းပခဲ့ရာ လေ့လာသူတစ်ဦးအဖြစ်တက်ရောက်ခဲ့ပြီး သိမြင်ခဲ့ရသည့် အတွေ့အကြုံ အတွေးအမြင် နှင့်သက်ဆိုင်ရာဌာနများ၏ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး ကူညီပံ့ပိုးဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအစီအမံများကို တဆင့်ပြန်လည်မျှဝေချင်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်ကုန်သွယ်မှုမြှင့်တင်ရေးနှင့်ပတ်သက်၍ ပို့ကုန်မြှင့်တင်ရေးမူဝါဒအရ အမျိုးသားပို့ကုန်မဟာဗျူဟာကို 2013ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး(2015-2019) ခုနှစ်စီမံကိန်းဦးစားပေးကဏ္ဍ(11)ခုနှင့် စတင်ခဲ့ပြီး ဘဏ္ဍရေးဝန်ဆောင်မှု၊ ကုန်သွယ်မှုသတင်း အချက်အလက်၊ အရည်အသွေးစီမံခန့်ခွဲမှု၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် ထိုက်သင့် သည့် အစီအမံများစသည်(National Export Strategy-NES) ကိုအကောင်အထည်ဖော်ဆောင်ရွက် နေကြောင်းသိခဲ့ရပါသည်။
NES (2020-2025)တွင် တိုးမြှင့်ရွေးချယ်ထားသည့်ကဏ္ဍများမှာ ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့်တန်ဖိုးမြင့်ထုတ်ကုန်များ၊ သစ်တော ထွက်ပစ္စည်းများ၊ ကျောက်မျက်ရတနာ၊ ခရီးသွားလုပ်ငန်းစသည်ဖြင့် တိုးမြှင့်တင်ပို့နိုင်ရေး စီးပွားရေးသံမှူးများမှ ကုန်သွယ်ဖက်နိုင်ငံများ၊ နည်းပညာနှင့်သတင်းအချက်အလက်၊ ဈေးနှုန်း ဈေးကွက်(ပြည်တွင်းပြည်ပ)အခြေအနေများ ဖြန့်ဝေခြင်း ဆောင်ရွက်နေသလို တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မြန်မာ့ထွက်ကုန်များ အရည်အသွေးတိုးတက်ရန်နှင့် နည်းပညာများဖလှယ်ခွင့်အတွက်ကုန်စည်ပြပွဲများ ၊ ဈေးရောင်းပွဲတော်များ၊ အလုပ်ရုံဆွေးနွေးပွဲများ အခါအားလျော်စွာ ကျင်းပပေးနေကြောင်း သိရှိခဲ့ရပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့်ပတ်သက်၍ နိုင်ငံသားလုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို သိမ်းဆည်းမှုပြုလုပ်မည်အဟုတ်ပဲ ထိုက်သင့်သော ကင်းလွတ်ခွင့်၊ လုပ်ငန်းပိုင်းဆိုင်ရာ ဖြေလျော့မှုနှင့်ကူညီပံ့ပိုးမှုများပေးနေပါကြောင်းသိရပါသည်။ နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် အဖွဲ့ဝင် အဖြစ် လျောက်ထားရန်လိုကြောင်း သို့မှသာအသိအမှတ်ပြု၍ ထိုက်သင့်သောအကျိုးခံစားခွင့် ရရှိမည်ဟုသိရပါသည်။
ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဖွံ့ဖြိုးမှုဇုန်အလိုက်ဖွံ့ဖြိုးမှုဇုန်(၁)အနေဖြင့် အခွန်ကင်းလွတ်ခွင့် ၇ နှစ်သတ်မှတ်၍ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသောမြို့နယ်ဇုန်(၂)တွင် ဝင်ငွေကင်းလွတ်ခွင့် ၅ နှစ်နှင့်ဖွံ့ဖြိုး မှုနည်းသောဇုန်(၂)တွင် ဝင်ငွေကင်းလွတ်ခွင့် ၃ နှစ်သတ်မှတ်၍ ကင်းလွတ်ခွင့်ပြုထားကြောင်းသိရပါ သည်။ နိုင်ငံတဝှမ်း ဥပဒေ စည်မျဉ်းစည်းကမ်းနှင့်အညီ ရင်းနှီးမြှုပ်နှံလိုသောလုပ်ငန်းရှင်များကို ကြိုဆိုမည်ဖြစ်ပြီး ယခုလက်ရှိ ဘိလပ်မြေထုတ်လုပ်မှု ကုမ္ပဏီ ၇ ခုရှိရာ ၅ ခုလည်ပတ်လျှက်ရှိပြီး ဒေသဖွံ့ဖြိုးရေးအတွက်ဟိုပုံးဒေသ ကျောက်နီစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး သံမဏိတူဖော်ခြင်းလုပ်ငန်း၊ ဆီထုတ်လုပ်မှုလုပ်ငန်း၊ ပြည်ပပို့ကုန်မြင့်တင်ဖို့အတွက် အခြောက်ခံစက်ရုံ၊ အအေးခန်းစက်ရုံ၊ တန်ဖိုးမြင့်ထုတ်ကုန်စက်ရုံများ ရင်းနှီးမြှုပ်နှံမှုများကို နည်း ပညာလုပ်ငန်းဆိုင်ရာ ဖြေလျော့မှုများနှင့်အဖက်ဖက်မှ ကုန်စည်ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနေ ကြောင်း သိရပါသည်။
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပတ်သက်၍အသေးစား၊အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းရှင် ဖွံ့ဖြိုးတိုးတက်စေရန်မိမိတို့ဌာနမှ ကူညီဆောင်ရွက်ပေးနေကြောင်း ငွေရေး ကြေးရေးအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်အမြင် ပုဂ္ဂလိကဘဏ်များနှင့် ပါချိတ်ဆက်ဆောင်ရွက် လျက်ရှိကြောင်း သိရပါသည်။ ချေးငွေကူညီပံ့ပိုးတိုးမြှင့်မှုရယူနိုင်ရန် SME တွင်မှတ်ပုံတင်မှသာ အကျိုးခံစားခွင့်ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ပြည်ပပို့ကုန်များ အရည်အသွေး ပြည့်မှီတင်ပို့နိုင်နေပြီး ဆက်လက်တိုးချဲ့တင်ပို့နိုင်ရေးအတွက် နည်းပညာအထောက်အကူပြု၊ ငွေကြေးစီမံခန့်ခွဲမှု၊ ထုတ်ပိုးမှု၊ ပြည်ပဈေးကွက်ချိတ်ဆက်ဆောင်ရွက်ပေးခြင်းများနှင့် စက်မှု ထုတ်ကုန်လုပ်ငန်းရှင်များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များပြည်ပဈေးကွက်တို့ ဖောက်နိုင်ရန် သိရပါသည်။
စိုက်ပျိုးရေးဦးစီးဌာနနှင့်ပတ်သက်၍ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးမြင့်တင်ပို့နိုင် ရေးအတွက် အစားအစာဘေးကင်းလုံခြုံရေး၊ မိမိစိုက်ပျိုးထုတ်လုပ်သည့် သီးနှံအရည်အသွေး ကောင်းမွန်ပြီး ကုန်သွယ်ဖက်နိုင်ငံများသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များ နှင့်ကိုက်ညီစေရန်လိုက်နာကျင့်သုံးသင့်သလို မိမိစိုက်ပျိုးထုတ်လုပ်သည့်ဒေသနှင့် သဘာဝပတ်ဝန်း ကျင်ကို အစဉ်ရှင်သန်တိုးတက်သင့်ကြောင်းနှင့် မိမိလုပ်ငန်းနှင့်ဆက်စပ်ပတ်သက်သည့် ထုတ်လုပ်မှု ပတ်ဝန်ကျင်တစ်ခုလုံး ကျန်းမာပျော်ရွင်စေရန် ကူညီဆောင်ရွက်ရမည်ဟုသိရပါသည်။ မိမိတို့ စိုက်ပျိုးရေးဦးစီးဌာနနှင့်ချိတ်ဆက်၍လက်ဖက် 1452 တန် ထောပတ်သီး 11933 တန် တင်ပို့နိုင်ခဲ့ ကြောင်းကုန်စည်ထုတ်ပိုးမှု ပတ်သက်၍ မန္တလေးနှင့်ရပ်စောက်မြို့နယ်များ တွင်ဂျပန်နည်းပညာ အသုံးပြု၍ ထုတ်ပိုးမှုစက်ရုံ(17)ရုံလည်ပတ်နေပြီဖြစ်ကြောင်းသိရှိရပါသည်။ မြေယာအသုံးချရေး ဥပဒေ၊ မျိုးစေ့ဥပဒေ၊ မြေဩဇာနှင့်ပိုးသတ်ဆေးစသည်တို့၏ သိသင့်သိထိုက်သည်များကို အပြန် အလှန် ဆွေးနွေးမေးမြန်းခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနနှင့် ပတ်သက်၍စားသုံးသူကာကွယ်ရေးဥပဒေပါ သိကောင်းစရာများ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ မိမိတို့ထုတ်လုပ်သည့်ကုန်စည်ပေါ်တွင် အဓိကကျသည့် ကုန်ညွှန်းအမှတ်အသားနှင့်သက်ဆိုင်သည့် ဥပဒေ၊ ညွှန်ကြားချက်ပေးများ၊ စီးပွားရေးလုပ်ငန်းရှင် များမှ ကုန်စည်ဝန်ဆောင်မှုအပေါ်တွင်အာမခံချက်ပေးခြင်း၊ ၎င်းအာမခံချက်အပေါ်စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေး၊ စားသုံးသူအန္တရာယ်ဖြစ်စေမည့်ဖြစ်စဉ်ဖြစ်ရပ်အပေါ် တားမြစ်ချက် များ၊ စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် တိုင်ကြားနိုင်သည့်သတင်းအချက်အလက်များကို မှတ်သားသိရှိရပါသည်။ ထို့အတူ Online Shop လုပ်ငန်းရှင်းများမှတ်ပုံတင်ခြင်း ပြုလုပ်ဆောင်ရွက် ရမည်ဖြစ်ပြီး လွန်ခဲ့သောနှစ်များကပင်စားသုံးသူများအနေဖြင့် Online Shop ရောင်းဝယ်မှု၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍နစ်နာမှုများရှိခဲ့ပြီး ဖြစ်စဉ်ဖြစ်ရပ်များကို ရှာဖွေဖော်ထုတ်ရာတွင် ပစ်မှု ကျူးလွန်သူ၏ကွင်းဆက်များ ဖော်ထုတ်မရပဲ စားသုံးသူနစ်နာမှုများကို ကာကွယ်ရန်အတွက် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး ကုန်သွယ်မှုလမ်းကြောင်းများအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းဆွေးနွေး ပြောကြားမှုကို လေ့လာသိရှိခဲ့ရပါသည်။
သတင်းကောင်းတစ်ရပ်အနေဖြင့် နာနတ်သီးနှင့်ပဲပုပ်စိုက်တောင်သူများအနေဖြင့် မြန်မာ့ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့တို့အခြေပြစာချုပ်(Protocol)ချုပ်ခဲ့ပြီး တိုးမြှင့်တင်ပို့နိုင်တော့မည်ဖြစ်ပြီး မက္ကဒေး မီးယားနှင့်ထောပတ်သီးတို့ကိုလည်း တင်ပို့နိုင်ရေးဆက်လက်ညှိနှိုင်းထား ကြောင်းသိခွင့်ရခဲ့ပါ သည်။အရည်သွေးမြင့် မြန်မာထုတ်ကုန်များပြည်ပဈေးကွက်ချိတ်ဆက်နိုင်ရေးအတွက် တနေရာ တည်းတစုတစေပြနိုင်ရေးဆောင်ရွက်ပေးရန် ရောင်းအားမြှင့်တင်ရန်နှင့် ပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် မြန်မာပို့ကုန်လုပ်ငန်းရှင်းများစွမ်းဆောင်ရည်မြှင့်တင်ပေးစေရန် ရည်ရွယ်၍ မြန်မာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဗဟိုဌာနကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိကြောင်းလည်း သိရ ပါသည်။ ပို့ကုန်မြှင့်တင်ရေးဆိုင်ရာနှင့်ပို့ကုန်အရည်အသွေးမြှ င့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တိုင်း ဒေသကြီး၊ ပြည်နယ်များနှင့်နေပြည်တော်ရှိကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ရုံးများနှင့်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်းများကိုအသိပေးခဲ့ပါသည်။
မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များနှင့်ပြည်ပဝယ်လက်များအကြား ကုန်သွယ်မှု လုပ်ငန်းများ ချိတ်ဆက် ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများပိုမိုတိုးမြှင့်နိုင်ရေး Digital e-commeuce. Platfoxm) ကို 2023-2024 ခုနှစ်တွင် တည်ဆောက်လျက်ရှိပါသည်။ commeuce. Platfoxm တွင် အဖွဲ့ဝင် အဖြစ်စာရင်းသွင်းပြီး Digital Trade Office တစ်ခုတည်ထောင်ပြီး Online ရုံးခန်း တစ်ခု သဖွယ်မိမိထုတ်ကုန်များကိုကြော်ငြာခြင်း၊ Customer များနှင့် ချိတ်ဆက်နိုင်ခြင်း မြန်မာကုန်စည်
ဈေးနှုန်းဈေးကွက်နှင့် မိမိကုန်စည်များကို အဝင်အထွက်၊ လက်ကျန်အခြေအနေများကို Inventory Control System သုံးစွဲခွင့်ကို မိမိဖုန်းဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း လေ့လာသိရှိခဲ့ရပါသည်။
တရားမကြောင်းအရ ဖြေရှင်းနိုင်ပြီး မူပိုင်ခွင့်ဆိုင်ရာ အင်ဂျင်စီသို့ အယူခံဝင်နိုင်ကြောင်း တီထွင်မှုဆိုင်ရာ မူပိုင်ခွင့် ဥပဒေအရ အခန်း(25)ခန်း ပုဒ်မ(118)ခု အရမှတ်ပုံတင်သက်တမ်း ၂၀ နှစ် အသိလျှောက်ထားနိုင်ပြီး တရားမကြောင်းအရ ဖြေရှင်းနိုင်ကြောင်း စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေအရ အခန်းပေါင်း(၂၄)ခန်းပုဒ်မ(102)ခုဖြင့် မူပိုင်ခွင့်လျှောက်ထားနိုင်ပြီး မိမိဝင်ဖန်တီး ထား သောစာပေအနုပညာ-ညာကာပစ္စည်းများကို အလွဲသုံးနစ်နာမှုများအတွက်မူပိုင်ခွင့် ဆိုင်ရာ အေဂျင်စီ သို့အယူခံဝင်၍ ပြစ်မှုကြောင်း တရားမကြောင်းအရ ဖြေရှင်းနိုင်ကြောင်းသိရပါသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် 2024ခုနှစ် ဇန်နဝါရီလ ၂၅ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (20/2024) ဖြင့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ခြင်း ဗဟိုကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် 2023ခုနှစ် ဧပြီလ (၁)ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (1/2023) ဖြင့် အဖွဲ့ဝင်(၁၈)ဦးပါမူပိုင်ခွင့်ဆိုင်ရာ အေဂျင်စီဖြင့် မူပိုင်ခွင့်လုပ်ငန်းဆိုင်ရာများကို ဥပဒေအမိန့် ညွှန်ကြားချက်များ ဖြင့်ဆောင်ရွက်လျှင်ရှိကြောင်းသိရပါသည်။
လေ့လာသူတစ်ဦးအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲမှရရှိသောကုန်သွယ်မှုမြှင့် တင်ရေးလုပ်ငန်း စဉ်များနှင့်ဆက်သွယ်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက် အလက်များ၊ စက်မှုထုတ်ကုန်များတန်ဖိုးမြှင့်ထုတ်လုပ်ပြီး ပို့ကုန်မြှင့်တင်နိုင်ရေး နည်းလမ်းကောင်း များ၊စိုက်ပျိုးရေးထွက်ကုန်များ တန်ဖိုးမြှင့်ပို့ကုန်ဖြစ်ရေး၊ စိုက်နည်းစနစ်၊ ထုတ်ပိုးမှု စနစ်၊ ရိတ်သိမ်း ချိန်လွန်နည်းပညာများ၊ စားသုံးသူရေးရာဦးစီးဌာန၏ပို့ကုန်များတွင် ပါဝင်သင့်သောပို့ကုန်သွင်းကုန် နှင့်Online Sales လက်မှတ်လျောက်ထားခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်း များနှင့်ပို့ကုန် သွင်းကုန်လိုင်စင်များလျောက်ထားရာတွင် သိသင့်သိထိုက်သောလုပ်ငန်းစဉ်များနှင့် Online Sales လျောက်ထားရာတွင် လိုက်နာရမည့်စည်းကမ်းချက်များ 2025 ဇန်နဝါရီ (၁)ရက်မှစတင်၍ လျောက်ထားလိုသည့်လုပ်ငန်းရှင်များကို စားသုံးသူရေးရာဦးစီးဌာနမှမြေမြင် ကွင်းဆင်းစစ်ဆေး ပြီးမှသာ အတည်ပြုချက်ဖြင့်လျောက်ထားနိုင်မည်ဖြစ်ကြောင်းသိရပါသည်။
မူပိုင်ခွင့်နှင့်ပတ်သက်၍ပြောင်းလဲတိုးတက်လာသောစီးပွားရေးလုပ်ငန်းအဆောက်အအုံများဖွံ့ဖြိုးတိုးတက်စေရန် ခေတ်မှီကောင်းမွန်သောမူပိုင်ခွင့်များ၏လုပ်ငန်းစဉ်များကိုလည်း လက်ခံကျင့်သုံး သင့်ကြောင်းနှင့်မူပိုင်ခွင့်ဦးစီးဌာနကို 2020ပြည့်နှစ် ဒီဇင်ဘာ 23ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့ 1995ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့တွင်လည်းကောင်း အရှေ့တောင်
အာရှနိုင်ငံများအဖွဲ့(ASEAN)သို့ 1997 ခုနှစ်ဇူလိုင်လ(23)ရက်နေ့တွင်လည်းကောင်း ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့(WTPO)သို့ 2001ခုနှစ် မေလ(၁၅)ရက်နေ့တွင်လည်းကောင်း အဖွဲ့ဝင်အဖြစ်ချိတ်ဆက် ဆောင်ရွက်ခဲ့သည်ဟုသိရပါသည်။
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေတွင် အခန်း(24)ခန်းပုဒ်မ (106)ခု ပါဝင်၍ (10)နှစ် တစ်ကြိမ် သက်တမ်းတိုးနိုင်ပြီး စီးပွားရေးလုပ်ငန်းရှင်များ မိမိလုပ်ငန်းအတွက်နစ်နာခဲ့လျှင် ပြစ်မှု ကြောင်း တရားမကြောင်းအရဖြေရှင်းနိုင်ကြောင်း၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ အရ အခန်း(24)ခန်း ပုဒ်မ(၈၇)ခုပါဝင်၍ (၅)နှစ်တစ်ကြိမ် သက်တမ်းတိုးပြီး (15)နှစ်သက်တမ်းဖြင့် မိမိလုပ်ငန်း အတွက်နစ်နာခဲ့လျှင် ကုန်ညွှန်းအမှတ်အသား ဆိုင်ရာအချက်အလက်များ၊ Oniline Sales ဆိုင်ရာ လမ်းညွှန်းချက်များ ပို့ကုန်သွင်းကုန်ဆိုင်ရာ ဖြေလျော့မှုများနှင့်လိုင်စင်လျှောက်ထားမှုများ မူပိုင်ခွင့် ဆိုင်ရာဥပဒေနှင့်အကျိုးကျေးဇူးများ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းရှင်းများ လုပ်ငန်းခွင် နည်းပညာထုတ်လုပ်မှုထုတ်ပိုးမှု ကုန်စည်ဆိုင်ရာကန့်သတ်ချက်များ ဆက်သွယ်ဆောင်ရွက်ရမည့် ဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်ပုံ နည်းလမ်းများကို စီးပွားရေးလုပ်ငန်းရှင်များအတွက် ထပ်ဆင့် မျှဝေရေးသားလိုက်ရပါသည်။
DOCA(ရှမ်း)