
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုး တိုး တက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။
ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စီးပွားရေးလုပ်ငန်း ရှင်များ အားတွေ့ဆုံးခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ရာ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လ(၂၁)ရက်နေ့ နံနက်(၀၈;၃၀)အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ကျီကုန်းစံပြကျေးရွာရှိ “မိသားစု” ဆီစက် လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထို့သို့ အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များ နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပါယ်ဖွင့်ဆိုချက် ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေ နပ်မှု ရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်ပစ္စည်းများကိုသာရောင်းချရန်၊ စားသုံးသူကာ ကွယ်ရေးဥပဒေပါ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း၊ မိမိတို့ စားသုံးသူ ရေးရာဦးစီးဌာန၏ လုပ်ဆောင်ချက်များနှင့် သရှိလိုသည်များကို ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No - 1535 သို့ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ပြောကြားခဲ့ပြီး အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား နှင့် ပတ်သက် သည့် အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)