Main menu

တိုင်ထောင်ပဲသီးဈေးနှုန်းဈေးကွက်

Powered by Drupal

             နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဟင်းသီးဟင်ရွက်မျိုးစုံ စိုက်ပျိုးလျက်ရှိရာ နတ်တလင်းမြို့နယ် စားသုံးသူရေးရာမှတာဝန်ရှိ ဝန်ထမ်းများသည် (၁၀.၁၀၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် လေးဆယ်ကျော်ရွာသို့ သွားရောက်၍ တိုင်ထောင်ပဲ .၅၀ဧက စိုက်ပျိုးထားသောတောင်သူနှင့် တွေ့စုံစမ်းမေးမြန်းရာတွင် တိုင်ထောင်ပဲကို ဝါခေါင်လဆန်းတွင် စတင်စိုက်ပျိုးပြီး ရက်(၅၀)၊ ရက်(၆၀)ကြာမှ စတင်ခူးဆွတ်ရပါသည်။ တိုင်ထောင် ပဲ .၅၀ ဧကကို စတင်ပေါ်ချိန်တွင် အတောင့်ရေ (၅၀၀)ကနေ စတင်ခူးရပြီး ဒုတိယပတ်မှစ၍ ပိုမိုထွက်ရှိလာကြောင်း တိုင်ထောင်ပဲသီး အသီးစတင်ထွက်ရှိချိန်မှ အသီးတုံးသည့်အချိန်အထိ အကြိမ် (၂၀)ခန့်ခူးဆွတ်ရပြီး စုစုပေါင်းပျှမ်းမျှအတောင့်ရေ(၁၀၀၀၀၀)ခန့်ထွက်ရှိပါသည်။ တိုင်ထောင်ပဲ .၅၀ဧက စိုက်ပျိုးမည်ဆိုပါက ပဲမျိုးစေ့နို့ဆီဗူး (၁၅)ဗူး အသုံးပြုရပြီး ပဲမျိုးစေ့နို့ဆီဗူးတစ်လုံးကို (၈၀၀၀)ကျပ်ဖြင့် (၁၅) လုံးကို (၁၂၀၀၀၀) ကျပ်၊ တိုင်ထောင်ဝါးတစ်လုံးကို (၄၀၀)ကျပ်နှုန်းဖြင့် .၅၀ ဧကလျှင် တိုင်ထောင်ဝါးအလုံးရေ (၁၀၀၀) အသုံးပြုရသည့်အတွက်  (၄၀၀၀၀၀)ကျပ်၊ ချည်လုံးတစ်လုံးကို (၃၂၀၀)ကျပ်နှုန်း ဖြင့်ချည်လုံး အလုံး(၂၀) ကို (၆၄၀၀၀)ကျပ်၊ ဓာတ်ဆား ၊ ပိုးသတ်ဆေး ၊ မှိုသတ်ဆေး၊ အလုပ်သမားခ၊ ပေါင်းမြက်ရှင်းခအပါအဝင်စုစုပေါင်း ကုန်ကျစရိတ် ငွေကျပ် (၈)သိန်းခန့်ကုန်ကျပါကြောင်း၊ ယခုအောက်တိုဘာလ ဒုတိယပတ်တွင် တိုင်ထောင်ပဲသီးတစ်တောင့်လျှင် (၁၈)ကျပ်မှ (၂၀)ကျပ်ဖြင့်ရောင်းချရသဖြင့် အကျိုးအမြတ် (၁၀) သိန်းကျော်ခန့်ရရှိပါကြောင်း ထွက်ရှိလာသောတိုင်ထောင်ပဲသီးများကို ကုန်စိမ်းဒိုင်များမှတဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချပါကြောင်း  စိုက်ပျိုးသူတောင်သူများထံမှ စုံစမ်းမေးမြန်းသိရှိရပါသည်။

DOCA(ပဲခူး)