Main menu

“အညာမြေရဲ့ထန်းမြစ်”

Powered by Drupal

       အညာဒေသတွင်ထန်းပင်များ အလေ့ကျပေါက်ရောက်သလို စနစ်တကျစိုက်ပျိုးထားသော ထန်းတောများလည်းရှိပါသည်။ တောင်သူဦးကြီးများမှ မိမိလယ်ကန်သင်းရိုးဘေးများတွင် လည်းအမှတ်အသားအနေဖြင့် စိုက်ပျိုးထားရှိကြပါသည်။ ထန်းပင်အဖိုမှ ထန်းရည်ခါးနှင့် ထန်ရည်ချို များထွက်ရှိပြီး ထန်းရည်ချိုမှထန်းလျှက်ချက်၍ ရောင်းချကြသလို ထန်းရည်ခါးအဖြင့်လည်း ရောင်းချကြပါသည်။ ထန်းမအပင်မှ ထန်းသီးများသီးလာသောအခါ ထန်းသီး အနုဆံ များကိုလည်းကလေး၊လူကြီးများကြိုက်နှစ်သက်၍ စားသုံးကြသလို မနုမရင့်များကိုလည်း နုတ်နုတ်စဉ်း၍နွားစာအဖြစ်ကျွေးကြပါသည်။ထန်းပင်မှ ထန်းသီးများရင့်မှည့်ပြီး ကြွေကျလာ သောအခါ အလုံးများကိုစုပုံ၍ တွင်းနက်နက်ထဲတွင်ထည့်၍ မြေမြုပ်ထားရ ပါသည်။ မြေမြုပ်ပြီး(၃)လအကြာတွင် ထန်းမြစ်များတူးဖော်၍ မိသားစုအပိုဝင်ငွေ ရရှိအောင် (၁၀)ချောင်း တစ်စည်း စည်း၍ဈေးထဲ/ရပ်ကွက်ထဲ/ရွာထဲသို့ရောင်းချကြပါသည်။ ထန်းမြစ်သည် ယခုလို ဆောင်းရာသီအချိန်တွင် ထွက်ပေါ်လေ့ရှိပြီးချမ်းအေးသောညများတွင် လူကြီး၊ ကလေး မီးလှုံ၍ ထန်းမြစ်ဖုတ်လေးများစားကာ စကားစမြည်းပြောလေ့ရှိပါသည်။ ထန်းမြစ်နှင့်ဆောင်းရာသီသည် အလိုက်ဖက်ဆုံးဖြစ်ပါသည်။  ထန်းမြစ်(၁၀)ချောင်း တစ်စည်းကို (၆၀၀)ကျပ်ဖြင့် ရောင်းဝယ် လျှက်ရှိကြောင်း၊ထန်းမြစ်ဖုတ်ပြီးသား တစ်ချောင်းကို (၂၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ထန်းမြစ်စားသုံးခြင်းဖြင့် ခန္တာကိုယ်အတွင်း အပူဓါတ်ကို လျော့ချပေးနိုင်ကြောင်း၊ အညာဒေသတွင် ထန်းမြစ်ကို ဖုတ်၍ စားသုံးကြသလို ပြုတ်၍လည်းစားသုံးကြပါသည်။ ထန်းပင်စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိသလို ကျန်းမာရေးနှင့် ညီညွတ်သော ထန်းမြစ်ကို စားသုံး‌ပေးသင့် ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)