Main menu

“ကျောက်ဆည်မြို့နယ်၌ မိုးစပါးများစတင်ထွက်ပေါ်”

Powered by Drupal

ကျောက်ဆည်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကိုအဓိကထားစိုက်ပျိုးလျှက်ရှိရာ ယခုအချိန်တွင် မိုးစပါးများစတင်ထွက်ပေါ်နေပြီ ဖြစ်ပါသည်။ မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုအနေဖြင့်  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် (၁၄၄၃၅၈)ဧက လျာထားခဲ့ပြီး ( ၁၄၄၉၀၈ )ဧက စိုက်ပျိုးခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ စိုက်ပျိုးရာတွင်တောင်သူ အများစုမှာ ဧရာပဒေသာနှင့် မနောသုခမျိုးများအား အဓိကစိုက်ပျိုးကြပြီး ၊ဇွန်၊ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြကြောင်း၊ယခုအချိန်တွင် ကျောက်ဆည်ခရိုင်၌ မိုးစပါးများစတင်ထွက်ရှိနေပြီ ဖြစ်ပြီး (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၉၄၀၀၀၀) ကျပ်ကုန်ကျကြောင်း၊(၁)ဧကထွက်ရှိနေမှုအနေဖြင့် (၈၀-၈၅)တင်း ထွက်ရှိပြီးစပါး ဈေးနှုန်းအနေဖြင့် စပါးအရည်အသွေးပေါ်မူတည်ပြီး  ဧရာပဒေသာ(၁၀၀)တင်းလျှင် (၂၇၀၀၀၀၀- ၃၀၀၀၀၀၀) ကျပ် နှင့်မနောသုခ(၁၀၀)တင်းလျှင် (၂၂၀၀၀၀၀-၂၃၀၀၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျှက် ရှိပြီး၊ဆန်စျေးနှုန်းအနေဖြင့်(၂၄)ပြည်တစ်အိတ်လျှင် ဧရာပဒသာ (သစ်) (၁၁၀၀၀၀-၁၁၅၀၀၀)ကျပ် နှင့် မနောသုခ(သစ်) (၈၀၀၀၀-၈၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဒေသတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)