Main menu

ရာသီစာ ကန်ဇွန်းဥ၏ အကျိုးအာနိသင်နှင့် ဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ကန့်ဘလူမြို့နယ်တွင် ရာသီအလိုက်သီးနှံများ ဖြစ်သော ကန်ဇွန်းဥ၊ ပိန်းဥ၊ အာတာလွတ်ဥ နှင့် ပဲမြစ်တို့ကို မန္တလေးမြို့မှ တဆင့် မှာယူရောင်းချ လျက်ရှိပါသည်။

          ဆောင်းရာသီ၏ ရာသီစာ တစ်ခုဖြစ်သော ကန်ဇွန်းဥသည် ကျန်းမာရေးအကျိုး အာနိသင်များ အနေဖြင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးခြင်း၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝခြင်း၊ အမြင် အာရုံ ကောင်းမွန်စေခြင်း၊ ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေခြင်း၊ ကိုယ်အလေး ချိန်ကျ စေခြင်း၊ အစာအိမ်နာကိုသက်သာစေခြင်း၊ ရေဓါတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံအား စနစ်ကိုအားကောင်းစေခြင်း နှင့် လေးဘက်နာ ကြောင့်နာကျင်မှုကိုသက်သာစေခြင်း စသည့် အကျိုး အာနိသင်များရရှိစေသည့်အတွက် ကန်ဇွန်းဥသည် စားသုံးသင့်သော ရာသီစာ တစ်မျိုးဖြစ်ပါသည်။

          ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ကန်ဇွန်းဥ ဈေးနှုန်းများမှာ ကန်ဇွန်းဥ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၁၀၀၀) ကျပ်၊ ၅၀ကျပ်သားလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ‌ရောင်းချလျက်ရှိကြောင်း မြို့မဈေးအတွင်း ကုန်စိမ်းသီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)