Main menu

သာစည်ဈေးရှိ မာလကာသီးဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သာစည်ဈေးတွင် မာလကာသီးများ ရောင်းချလျက်ရှိ ပါသည်။ မာလကာသီးများကို ညောင်ဖြူပင်၊ ဘုမ္မနိုး၊ သပြေတောနှင့် အခြားဒေသများမှ ထွက်ရှိပြီး မုံရွာမြို့အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

ယခုဒီဇင်ဘာလ တတိယပတ်အတွင်း ရောင်းချလျက်ရှိသောဈေးနှုန်းမှာ မာလကာ သီးအသေး (၁)လုံး(၅၀၀)ကျပ်၊ မာလကာသီးအကြီး (၁)လုံး(၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း သစ်သီးရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)