Main menu

“ဆောင်းပဲကြီးစိုက်ပျိုးမှုအခြေအနေ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်မြစ်သားမြို့နယ်တွင် ဆောင်းပဲကြီးများ စတင်စိုက်ပျိုးလျက်ရှိပါသည်။အအေးကြိုက်သောသီးနှံဖြစ်သောကြောင့် ဆောင်းရာသီတွင် အများဆုံး စိုက်ပျိုးကြပါသည်။မြစ်သားမြို့နယ်တွင် ပဲကြီးစိုက်ဧက(၂၄၀)ဧကစိုက်ပျိုးပြီးစီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ၏စာရင်းများအရ သိရှိရပါသည်။ ပဲကြီးစိုက်ပျိုးမှု တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုးသွင်းအားစု လုပ်သားခအပါအဝင်(၅)သိန်းကျပ်ခန့်ကုန်ကျကြောင်း ပဲကြီးသီးနှံသည် စိုက်ပျိုးပြီး(၃)လအကြာတွင် ရိတ်သိမ်းနိုင်ကြောင်း၊ ပဲကြီးသီးနှံကို တချို့ တောင်သူများမှ ဆောင်းနှမ်းဖြင့် ရော၍သီးထပ်သီးညှပ်ဖြင့် စိုက်ပျိုးကြပါသည်။ အများဆုံး စိုက်ပျိူးသောရွာများမှာ တောင်တောကုန်းရွာ၊ မြသုခ၊ ကံဆည်၊ ခင်လည်ရွာများတွင် စိုက်ပျိုးကြပါသည်။ ပဲကြီးမျိုး(၁)ပြည်လျှင်(၇၀၀၀/-) ကျပ်ခန့်ရှိကြောင်း ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးပါက မျိုးပိုမိုကုန်ကြပြီး အထွက်နှုန်းပိုမိုထွက်ရှိကြောင်း ပဲကြီး(၁)ဧကအထွက်နှုန်းအနေဖြင့် (၁၃/၁၅)တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်ပဲကြီး(၁)တင်း ဈေးနှုန်းအနေဖြင့် (၆၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး အကျိုးအမြတ်အနေဖြင့် (၃၈၀၀၀၀)ကျပ်ခန့်အကျိုးအမြတ်ရရှိခဲ့ပါကြောင်း၊ ယခုလက်ရှိပဲကြီးတစ်တင်း ပေါက်ဈေး မှာ(   ၆၅၀၀၀/-  ) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ပဲကြီးပေါ်ချိန်တွင် တောင်သူများ မှမြို့ပေါ်ပွဲရုံများသို့ သွားရောက်ရောင်းချကြကြောင်း၊ပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့၊ရန်ကုန်မြို့များသို့ တင်ပို့ ရောင်းချကြကြောင်း၊ ပဲကြီးထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ပဲကြီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

DOCA(မန္တလေး)