ဟုမ္မလင်းမြို့မောင်းခမ်းကျေးရွာတွင် လက်ဖက်ကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပြီး လက်ဖက်စိုက်ခင်းဧက တစ်ထောင်ကျော်ရှိကြောင်း သိရသည်။ဒေသထွက်လက်ဖက်စိုကို အခါးထုတ်ပြီး အသင့်စားလက်ဖက်၊ မက်လင်သီး၊ စောင်းလျားသီးများဖြင့် ရောနှောကာ လက်ဖက်ချဉ်နှပ် ပြုလုပ်ရောင်းချခြင်းများ၊ လက်ဖက်အညွှန့်များကို ရေသန့်ဘူးထဲသွပ်၍ ဘူးလိုက် ရောင်းချခြင်းများ ၊ လက်ဖက်အညွှန့်၊ အရွက်ကြမ်းများကို မီးနှင့်ပေါင်းခံ၍ ရလာသော အရွက်များကို နေလှန်းပေးရပြီး လက်ဖက်ခြောက်ပြုလုပ်ပါကြောင်း၊ လက်ဖက်ခြောက် အမျိုးအစားပေါ်မူတည်၍ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ နှင့် လက်ဖက်အစိုမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ခန့်ရောင်းချကြောင်းသိရသည်။ ဒေသထွက် လက်ဖက်များကို ခန္တီး၊ ဖောင်းပြင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းတွင်းမြစ် တစ်လျှောက် မြို့များ၊ မုံရွာမြို့နှင့် မန္တလေးမြို့ များသို့လည်း တင်ပို့ရောင်းချကြောင်းသိရှိရပြီး လက်ဆောင် ပေးရန် ဝယ်ယူမှုများလည်း ရှိကြောင်းသိရသည်။
DOCA(စစ်ကိုင်း)