ဒေသအသီးသီးမှဝင်ရောက်လာသော သစ်သီးများကို ကုန်သည်များက ဈေးချို၊ ၂၉လမ်းx ၃၁လမ်းကြား၊ ၈၄လမ်းx ၈၅လမ်းကြားရှိ မန္တလေးသစ်သီးပွဲရုံများသို့ ရောင်းချကြကြောင်း သတင်းရရှိပါတယ်။ သစ်သီးဈေးသူအချို့သည် ဈေးချိုသစ်သီးပွဲရုံများမှ လက်ကားဝယ်ယူပြီး မန္တလေးမြို့ပေါ်ရှိ ဈေးများသို့ ပြန်လည်ရောင်းချကြောင်း သတင်းရရှိပါတယ်။
မန္တလေးမြို့၊ မနော်ရမ္မံဈေးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး(အပွ) အလုံးကြီး လက်လီ(၁) ပိဿာလျှင် (၂၀၀၀ဝိ)၊ ပန်းသီး (အကျွတ်) အလုံးကြီး လက်လီ(၁)ပိဿာလျှင် (၂၀၀၀ဝိ)၊ ဆန်းကစ်သီး (၁)လုံး (၂၅၀ဝိ/-)၊ မော်လမြိုင်ဒေသထွက် ရှောက်ပန်းသီး(ကျွဲကောသီး)လက်ကား (၁)လုံး (၄၀၀ဝိ/-) လက်လီ (၄၅၀ဝိ/-)၊ စတော်ဘယ်ရီ အသင့်ထုပ်ပိုးထားသော ပလတ်စတစ်ဗူး (၁)ဗူးလျှင် (၄၅၀ဝိ/-) တောင်ကြီးမှဝင်သော ထောပတ်သီး(Hass)များကို ၂၅ ကျပ်သားလျှင် (၂၅၀ဝိ/-)မှ(၃၀၀ဝိ/-)ထိ ရောင်းချပြီး စားသုံးသူများကြိုက်နှစ်သက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သစ်သီးရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မန္တလေး)