ပဲမြစ်သည်နွယ်ပင်တစ်မျိုးဖြစ်ပြီး ပဲစောင်းလျားသီးပင်၏ အမြစ်ဖြစ်သည်။ ပဲမြစ်ကို နေရာ ဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ကရင်ပြည်နယ်ဒေသထွက်ပဲမြစ်ကို ဘားအံမြို့ အနီးတဝိုက် ကျေးရွားများနှင့်ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ တောင်သူများက တနိုင်တပိုင်စိုက်ပျိုးကြသည်။
ပဲမြစ်ကို ဩဂုတ်လတွင်စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာလနှင့်ဖေဖော်ဝါရီလများတွင် တူးဖော် ရောင်းချကြောင်းသိရသည်။ ပဲမြစ်ကိုပြုတ်ပြီ ဆီ၊ ဆားတို့နှင့်တို့စားပါက အရသာချိုစိမ့်ပြီး အလွန် စားကောင်းလှပါသည်။ပဲမြစ်တွင် ကယ်စီယမ်ဓာတ်၊ ပရိုတိန်းဓာတ်များစွာပါဝင်သာကြောင့် လူသားတို့အတွက် ကျန်းမာရေးကိုလည်း အထောက်အကူပြုစေပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ဆောင်းကာ ကရင်ပြည်နယ်ဒေသထွက် ပေါ်ဦးပေါ်ဖျားသဘာဝ ပဲမြစ်များ၏ဈေးနှုန်းမှာ ဘားအံမြို့ ရေပေါ်စံပြဈေးတွင် ပဲမြစ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်နှုန်း တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)