မကွေးတိုင်းဒေသကြီး အောင်လံမြို့ အောင်လံကုန်စည်ဒိုင်တွင် ဒေသထွက်သီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ဘိုကိတ်ပြာ၊ မြေပဲသီးနှံတို့နေ့စဉ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ပဲတီစိမ်း
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၀၅၀၀၀မှ ၁၀၇၀၀၀) (ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၁၀၇၀၀၀)ရှိခဲ့၍ ဈေးနှုန်းမှာ သိသိသာသာပြောင်းလဲမှုမရှိဘဲ (ဒုတိယပတ်)အတွင်း အရောင်းအဝယ်အနေဖြင့် တင်းရေ(၈၂၅)တင်း တန်အနေဖြင့်(၂၆.၉၄)တန် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
ဘိုကိတ်ပြာ
ဘိုကိတ်ပြာမှာ အောင်လံမြို့နယ်အတွင်း သီးနှံအသစ်များထွက်ရှိလျက်ရှိပြီး ဒီဇင်ဘာလ (ပထမပတ်)တွင် (၁)တင်းလျှင် ကျပ်(၈၅၀၀၀)ရှိခဲ့ရာမှ (ဒုတိယပတ်)တွင် (၁)တင်းလျှင် ကျပ် (၈၆၀၀၀)ရှိခဲ့၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀၀)ဈေးနှုန်းအမြင့်ဖြင့် တင်းရေ(၈၂၅) တင်း တန်အနေဖြင့်(၂၆.၉၄)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
မြေပဲလုံးဆံနီ
မြေပဲလုံးဆံနီမှာ (၁)ပိဿာလျှင် ဒီဇင်ဘာလ (ပထမပတ်)တွင် ကျပ်(၈၅၀၀၊၈၇၀၀)၊ (ဒုတိယပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၈၄၀၀၊၈၆၀၀)ဈေးနှုန်းရှိခဲ့၍ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက (၁)ပိဿာလျှင် ကျပ်(၁၀၀)ဈေးနှုန်းနိမ့်ကျခဲ့ပြီး အရောင်းအဝယ်အနေဖြင့် (ဒုတိယပတ်) အတွင်း ပိဿာချိန်(၁၂၀၀၀)ပိဿာ၊ တန်အနေဖြင့်(၁၉.၆)တန်ခန့် ရှိခဲ့ကြောင်း သိရသည်။
မြေပဲလုံးဆံဖြူ
မြေပဲလုံးဆံဖြူမှာ ဒီဇင်ဘာလ (ပထမပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၈၆၀၀)၊ (ဒုတိယပတ်) တွင် (၁)ပိဿာလျှင် ကျပ်(၈၄၀၀၊ ၈၇၀၀) ဖြစ်ပေါ်ခဲ့ပြီး (ဒုတိယပတ်) (၁)ပိဿာလျှင် ကျပ်(၂၀၀၊ ၃၀၀)အနိမ့်အမြင့်ဖြစ်ပေါ်ပြီး ပိဿာချိန်(၁၆၅၀၀)ပိဿာ တန်အနေဖြင့်(၂၆.၉၄)တန်ခန့် အရောင်း အဝယ်ရှိခဲ့ကြောင်း သိရသည်။
မြေပဲဆီဆံ
မြေပဲဆီဆံကို အောင်လံမြို့နယ်အတွင်းရှိ ဆီကြိတ်ခွဲသည့် ဆီစက်များမှလည်း ဝယ်ယူလျက် ရှိပြီး၊ ဒီဇင်ဘာလ (ပထမပတ်)မှ (ဒုတိယပတ်)အတွင်း (၁)ပိဿာလျှင် ကျပ်(၈၂၀၀၊ ၈၃၀၀) ဈေးနှုန်းရှိခဲ့၍ ဈေးနှုန်းပြောင်းလဲမှုမရှိ တည်ငြိမ်နေပြီး (ဒုတိယပတ်)တွင် အရောင်းအဝယ်အနေဖြင့် ပိဿာချိန် (၁၈၀၀၀)ပိဿာ၊ တန်အနေဖြင့်(၂၉.၃၉)တန်အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။
အောင်လံကုန်စည်ဒိုင်အနေဖြင့် မြေပဲသီးနှံများကို အောင်လံမြို့နယ်ရှိ ကျေးရွာများအပြင် သရက်မြို့နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိကြောင်း၊ ဒီဇင်ဘာ လ(ဒုတိယပတ်)အတွင်း မြေပဲလုံးဆံနီ၊ မြေပဲလုံးဆံဖြူ၊ မြေပဲဆီဆံ စုစုပေါင်း ပိဿာချိန်(၄၆၅၀၀) ပိဿာ၊ တန်ချိန်(၇၅.၉၃)တန်ခန့် နှင့် ပဲတီစိမ်း၊ ဘိုကိတ်ပြာတို့ ပဲမျိုးစုံသီးနှံစုစုပေါင်း (၁၂၉.၈၁)တန် အရောင်းအဝယ်ရှိခဲ့ပြီး မြေပဲဆီဆံကို အောင်လံမြို့နယ်ရှိ ဆီကြိတ်ခွဲသည့် ဆီစက်များမှ ဝယ်ယူ လျက်ရှိပြီး မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူတို့ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့များ သို့လည်းတင်ပို့ ရောင်းချရပါကြောင်း သိရှိရပါသည်။
DOCA(မကွေး)