Main menu

ဝင်ရောက်မှုများပြီးအရောင်းလိုက်သည့်ထောပတ်သီး

Powered by Drupal

      မန္တလေးစျေးကွက်အတွင်း ဒီဇင်ဘာလဒုတိယပတ်တွင် ထောပတ်သီးဝင်ရောက်မှုများပြားပြီး ဒီဇင်ဘာလပထမပတ်ထက် ပိုမိုရောင်းချရကြောင်း သိရှိရပါတယ်။ မန္တလေးစျေးကွက်သို့  ပြင်ဦးလွင် မြို့နယ်၊ မိုးကုတ်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းဒေသတို့မှ ထွက်ရှိသည့်ထောပတ်သီးများ ဝင်ရောက်ကြောင်း   သိရှိရပါတယ်။ထောပတ်သီးအား အဟာရဓါတ်စာအဖြစ် စားသုံးခြင်း၊ ဖျော်ရည်၊ စားသောက်ကုန်နှင့် လူသုံး ကုန်များတွင်   ပါဝင်ထည့်သွင်း အသုံးပြုခြင်း၊ ပြည်ပသို့တင်ပို့ ခြင်းနှင့် ပြည်တွင်းစျေးကွက်အတွင်း   သုံးစွဲမှုများပြီး၊ စျေးကွက်လိုအပ်ချက်များပြားသည့်သီးနှံတစ် မျိုး ဖြစ်ပါတယ်။ ပြည်တွင်းမှ စိုက်ပျိုးသော ထောပတ်သီး အမျိုးအစားများမှာ ပီတာဆန်(Peterson) မျိုး၊ (Russel 034/034)မျိုး၊အမရာမျိုး (ဒေသမျိုး)၊  ဘာဘေးနီးယား (Buccaneer) မျိုး၊ ပင်ကာတန်   (Pinkerten)မျိုး၊  ဟက်စ် Hass မျိုး၊ မြောက်ကျွန်းသူ (ဒေသမျိုး)တို့   စိုက်ပျိုးထွက်ရှိကြောင်း သိရှိရပါတယ်။  မန္တလေးဈေးကွက်အတွင်းထောပတ်သီးဝင်ရောက်မှုအနေဖြင့်ဒီဇင်ဘာလအတွင်းပြင်ဦးလွင် နှင့်တောင်ကြီးဒေသတို့မှ ထွက်ရှိသည့် ဟက်စ် (Hass) မျိုး၊  ဒေသမျိုးဖြစ်သည့်အမရာမျိုးနှင့်မြောက် ကျွန်းသူမျိုး  ထောပတ်သီးများဝင်ရောက်မှုများကြောင်း တွေ့ရှိရပါတယ်။ ထောပတ်သီးဝင်ရောက်မှု အနည်းအများပေါ်  မူတည်၍  စျေးနှုန်းကွာခြားမှုများရှိကြောင်း သိရှိရပါတယ်။ ထောပတ်သီးအရွယ် အစားပေါ် မူတည်၍  ဟက်စ် (Hass)မျိုးမှာ  Kg စျေးနှင့်ပိဿာစျေးနှစ်မျိုးဖြင့် ရောင်းချလျက်ရှိပြီး၊ ဒေသမျိုးအမရာမျိူးနှင့်မြောက် ကျွန်းသူမျိုးတို့ မှာ အသီးအရွယ်အစား ပေါ်မူတည်ပြီး  အရေအတွက်အလိုက်   တစ်လုံးစျေးနှုန်းသတ်မှတ်ရောင်းချ လျက်ရှိပါတယ်။ပြင်ဦးလွင်နှင့်တောင်ကြီးဒေသထွက် ဟက်စ် (Hass)အမျိုးအစား ထောပတ်သီးများမှာ   အစေ့သေး၍    အသားပါဝင်မှုများသည့်အတွက် ဝယ်ယူသူ အကြိုက်များကြောင်း  သိရှိရပါတယ်။  မန္တလေးစျေးကွက်တွင်   ဒီဇင်ဘာလ  ဒုတိယပတ်အတွင်း ပြင်ဦးလွင်နှင့် တောင်ကြီးဒေသထွက်ထောပတ်သီးဟက်စ်(Hass)အမျိုးအစား လက်လီစျေး မှာ  ၁ပိဿာလျင် ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- စျေး၊တောင်ကြီး၊ ရွာငံဒေသထွက်အမရာမျိုးထောပတ်သီးမှာ လုံးဝန်းပြီးလတ်ဆတ်သည့်အသီးတစ်လုံးလျှင် ၁၀၀ဝိ/- နှင့်၁၅၀ဝိ/စျေး၊  ပြင်ဦးလွင်ဒေသထွက် မြောက်ကျွန်းသူမျိုး ထောပတ်သီးမှာ တစ်လုံးလျှင် ၈၀ဝိ/- နှင့်၁၂၀ဝိ/- စျေးတို့ဖြင့် အရွယ်အစားပေါ် မူတည်၍ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ မန္တလေးစျေးကွက်အတွင်းသို့ ဒီဇင်ဘာလဒုတိယပတ်အတွင်း ထောပတ်သီးဝင်ရောက်မှုများပြားပြီး၊   ထောပတ်သီးရောင်းချမှုမှာ   ဒီဇင်ဘာလပထမပတ်ထက် ပိုမိုရောင်းချရပါကြောင်း ထောပတ်သီးရောင်းချသည့်  ဆိုင်ရှင်တစ်ဦး၏ ပြောပြချက် အရ သိရှိရပါတယ်။

DOCA(မန္တလေး)