Main menu

မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ပထမ ၁၁ လအတွင်း ၁၃% ကျော်တိုးတက်လာ

Powered by Drupal

 မွန်ဂိုလီးယားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏသည် ၂၀၂၄ ခုနှစ် ပထမ ၁၁ လတွင် တစ်နှစ်ထက်တစ်နှစ် ၁၃.၄% တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၅.၂ ဘီလီယံအထိ ရောက်ရှိ ခဲ့ကြောင်း မွန်ဂိုလီးယားနိုင်ငံအမျိုးသားစာရင်းအင်းရုံး၏ ၁၇.၁၂.၂၀၂၄ ရက်နေ့က ထုတ်ပြန် ခဲ့သော တရားဝင်အချက်အလက်များအရသိရသည်။ မွန်ဂိုလီးယားနိုင်ငံသည် နိုင်ငံတွင်းသို့ တင်သွင်းသော သွင်းကုန်ထက် ဒေါ်လာ ၄.၀ ဘီလီယံခန့်သာလွန်၍ ပို့ကုန်များ ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်း ကိန်းဂဏန်းများအရသိရသည်။ ဤတိုးတက်မှု၏ အဓိက မောင်းနှင်အားမှာ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း မွန်ဂိုလီးယားနိုင်ငံ၏ ပို့ကုန်စုစုပေါင်း တင်ပို့မှု၏ ၉၀% ကျော် ရှိသော သတ္တုတွင်းထွက်ကုန်ပစ္စည်းများ တင်ပို့ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။ ထိုကာလ အတွင်း မွန်ဂိုလီးယားသည် ကမ္ဘာ့စီးပွားရေး ၁၅၈ ခုနှင့်လည်း ကုန်သွယ်မှုများပြုလုပ်ခဲ့သည်။

DOCA(ရန်ကုန်)