စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဈေးရှိ စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ဦးဝင်းနိုင်၊ ဦးဌေးညွန့်၊ ဦးဌေးလွင် စသည့် စားအုန်းဆီအရောင်းဆိုင်များအား ၁၆.၁၂.၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် လက်လီရောင်းချပေးနေသော စားအုန်းဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီလက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့် အမြတ် ရာခိုင်နှုန်းထက်ပိုမို၍ ရောင်းချနေမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပညာပေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)