![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/7_44.jpg?itok=744cNYqd)
တောင်ငူခရိုင် ဖြူးမြို့ မြို့မဈေးကြီးတွင် မြေပဲဆံ(အဖြူ/အနီ)မှာ ယခင်လက တစ်ပိဿာ လျှင် ၉၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၀၀၀၀ ကျပ်ရှိသဖြင့် ဈေးနှုန်း ၅၀၀ ကျပ်တက်ပါသည်။ ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၆၅၀၀ ကျပ်၊ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၇၇၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
အသင်းပဲမှာ ယခင်လက တစ်ပြည်လျှင် ၇၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပြည် လျှင် ၈၀၀၀ ကျပ်ဖြင့် ဈေးနှုန်း ၅၀၀ ကျပ်၊ ပဲလွန်းဖြူမှာ ယခင်လက တစ်ပြည်လျှင် ၈၀၀၀ ကျပ် ရှိရာမှ ယခုအပတ်တွင် တစ်ပြည်လျှင် ၉၀၀၀ ကျပ်ဖြင့် တစ်ပြည်လျှင် ၁၀၀၀ ကျပ် ဈေးနှုန်းတက်ပါ သည်။
ပဲနောက်မှာ တစ်ပြည်လျှင် ၉၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်အတွင်းဈေးနှုန်းရှိကြောင်း ဖြူးမြို့ စည်ပင်သာယာဈေးအတွင်းရှိ ကိုမောင်မောင် ကုန်စုံဆိုင်မှ သိရပါသည်။
DOCA(ပဲခူး)