Main menu

ရေကျော် (City Mark) အတွင်းရှိအလှကုန်အမျိုးမျိုးအားကုန်အညွှန်းအမှတ်အသားများ စစ်ဆေးခြင်း

Powered by Drupal

         ၁၆.12.2024 ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ(အကြီးတန်းစာရေး)၊ ဒေါ်ယုယုလွင် (အငယ်တန်းစာရေး) နှင့် ဝန်ထမ်းများသည် ရေကျော် (City Mark)  အတွင်းရှိ အလှကုန်အမျိုးမျိုးအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော (၁၀) ဂရမ်အထက် အလှကုန်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များပါဝင်မှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ရာ ဈေးကွက်အတွင်းတွင် Bella၊ Doaru ၊ Now How၊ OLAY ၊ NOURISHING NIGHT OIL (NNO) အစရှိသည့် အလှကုန်အမျိုးမျိုးတို့တွင် အမျိုးအမည်၊ အသားတင်အလေးချိန်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း   သိရှိရပါသည်။

DOCA(ရန်ကုန်)