![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/61_13.jpg?itok=gpb_-xe2)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကြက်သွန်နီ အဓိကစိုက်ပျိုးထွက်ရှိရာ ဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ရေစကြို၊ ကမ္မမြို့နယ်များတွင် မိုးစိုက်(ဥစိုက်)များ အဓိကစို က်ပျိုးလျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် နယ်ပေါင်းစုံမှ ကြက်သွန်နီများ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကြက်သွန်နီဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၄၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ဖြစ်ပြီး ဒီဇင်ဘာလ(တတိယပတ်)တွင် မိုးကြက်သွန်သွန်နီ(အသစ်)ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် (၃၂၀၀)၊ အလတ်စ တစ်ပိဿာလျှင် ကျပ်(၂၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်နီတစ်ပိဿာ လျှင် ကျပ်(၄၀၀)ခန့် ဈေးတက်နေကြောင်း၊ နေ့စဉ်အရောင်းအဝယ်ဖြစ်မှုကုန်ဝင်ချိန်မှာ ပိဿာချိန် (၁၃၀၀၀၀)ကျော်၊ တန်ချိန်အားဖြင့် (၂၁၂)တန်ဝင်ရောက်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံနှင့် မြဝတီမြို့သို့ တင်ပို့နေကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA(မကွေး)