Main menu

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေအနေ

Powered by Drupal

         ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၆၀၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၇၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၂၇၀၀၀)ကျပ် ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၁၅၆၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၄၄၀၀၀) ကျပ်၊ တီဆူပါ (may) (၁) လီတာလျှင် (၇၁၀၀၀) ကျပ်၊ ယူရီးယား (မြင်းပျံ) (50)kg တစ်အိတ်လျှင် (၁၄၂၅၀၀) ကျပ် တို့ဖြစ်ပါသည်။

          တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၀၀၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၁၀၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၂၁၀၀၀)ကျပ် တို့ဖြစ်ပါသည်။

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင် ဒီဇင်ဘာလ တတိယပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်း ကျဆင်းလျက်ရှိပြီး ဓာတ်မြေ ဩဇာဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။ တာချီလိတ်မြို့၏ ဘိလပ်မြေဈေးနှုန်းများမှာလည်း ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)