Main menu

သီဟိုဠ်စေ့ထုတ်လုပ်သည့် စက်ရုံအသစ်ကို Kampong Thom ပြည်နယ်တွင် စတင်ဆောင်ရွက်

Powered by Drupal

     Unique Noble Trading ကုမ္ပဏီသည် Kampong Thom ပြည်နယ်တွင် သီဟိုဠ်စေ့ ထုတ်လုပ်သည့် စက်ရုံကိုစတင်တည်ဆောက်နေကြောင်း ထုတ်ပြန်ခဲ့သည်။     ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး Chea Vanchan က စက်ရုံသည် သီဟိုဠ်စေ့ ကုန်ထုတ်စွမ်းအားနှင့် အလုပ်သမားများအတွက် လူနေမှုအဆင့်အတန်းကို မြှင့်တင်ရာတွင်သိသာသောအထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Unique Noble Trading ညွှန်ကြားရေးမှူးက စက်ရုံသည် တစ်ရက်လျှင် တန်ချိန် ၃၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၂၀၀ မှ ၄၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟုပြောကြားခဲ့သည်။ ကမ္ဘောဒီးယား၏ သီဟိုဠ်စေ့လုပ်ငန်းသည် ၂၀၂၄ ခုနှစ်၊ ပထမ ၁၀ လအတွင်း  တန်ချိန် ၈၄၀,၀၀၀ ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလထက် ၂၆ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်းသိရသည်။ ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) သည် ပို့ကုန်ဈေးကွက်မျာကို ကွဲပြားစေကာပြုပြင်ထားသောသီဟိုဠ်စေ့များကို တရုတ်၊ ဂျပန်နှင့် ဉရောပသို့ အဓိကတင်ပို့လျက်ရှိသည်။ ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း(CAC) ဥက္ကဋ္ဌ Uon Siloth  က သီဟိုဠ်စေ့လုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်လာကြောင်းနှင့် သီဟိုဠ်စေ့စိုက်ပျိုးခင်း ဟက်တာ ၅၈၀,၀၀၀ ကျော်ရှိပြီး ပျမ်းမျှအထွက်နှုန်းမှာ (၁) ဟက်တာလျှင် ၁.၅ တန်ခန့်အထွက်နှုန်းရှိကြောင်းကြားခဲ့သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ကမ္ဘောဒီးယားသည် ၂၀၃၀ ခုနှစ် တွင် ကမ္ဘာ့သီဟိုဠ်စေ့ထုတ်လုပ်တင်ပို့မှုတွင် ထိပ်တန်းနိုင်ငံတစ်ခုဖြစ်လာမည်ဟု ခန့်မှန်းထား သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ သီဟိုဠ်စေ့ပြုပြင်ထုတ်လုပ်ရေးတွင် အကြီးဆုံးစက်ရုံဖြစ်သော စင်္ကာပူနိုင်ငံ CSNC မှ တည်ဆောက်သည့် ဒေါ်လာ ၁၂ သန်းတန်ဖိုးရှိသော စက်ရုံအသစ်သည် ၂၀၂၅ ခုနှစ် မတ်လတွင်စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တစ်ရက်လျှင် တန်ချိန် ၄၀ သို့မဟုတ် တစ်နှစ်လျှင် ၁၂,၀၀၀ ခန့်ထုတ်လုပ်နိုင်မည်ဖြစ်သည်။

Source : Khmer Times

DOCA(ရန်ကုန်)