Main menu

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်ရှိ ပွဲရုံများမှ ကုန်ဈေးနှုန်းများ

Powered by Drupal

         ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်အတွင်းရှိ အောင်ပန်းကုန်ဈေးပွဲရုံများမှ ဒီဇင်ဘာလ တတိယအပတ်တွင် ဖြစ်ပေါ်နေသော လက်ကားကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ အမျိုးအစား၊ အကြီး/ အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် (၃၀0၀) ကျပ်မှ (၃၉၀၀) ကျပ်အထိ၊ ကြက်သွန်ဖြူ အမျိုးအစား၊ အကြီး/ အသေးပေါ်မူတည်၍ တစ်ပိဿာလျှင်  (၃0၀၀) ကျပ်မှ (၄၀၀၀) ကျပ်အထိရှိကြောင်းသိရှိရသည်။ ကုန်စိမ်းလက်ကားဈေးနှုန်းမှာ အာလူး တစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်အထိရှိပြီး အလုံးလှရင်လှသလို၊ အနာပါရင်ပါသလို အကြီးအသေးပေါ် မူတည်၍ ဈေးနှုန်းကွာကြောင်းသိရသည်၊၊ ကျောက်ဖရုံသီးတစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ ရွှေဖရုံသီး တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ ပဲလိပ်ပြာအခွံနှင့် တစ်ပိဿာ (၃၀၀၀) ကျပ် ၊ ခရမ်းသီးအကြီး တစ်ပိဿာလျှင် (၂၀၀၀- ၂၅၀၀၀) ကျပ်၊ ဂေါ်ရခါးသီးတစ်လုံးလျှင် (၂၅၀- ၃၀၀) ကျပ်၊ ကိုက်လံ အစီးငါးဆယ်ပါတစ်ထုံးလျှင် (၄၅၀၀၀) ကျပ်၊ ဂေါ်ရခါးညွှန့်အစီးငါးဆယ်ပါတစ်ထုံးလျှင် (၄၀၀၀၀) ကျပ်၊ မုံညှင်းဖြူတစ်ပိဿာလျှင် (၁၇၀၀-၂၀၀၀) ကျပ်၊ ဘိုစားပဲ ရှယ် တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ဘိုစားပဲ အလတ်စ တစ်ပိဿာလျှင် (၃၀၀၀) ကျပ် အသီးသီးရှိကြောင်းသိရသည်။

      ခရမ်းချဉ်သီး (ရှယ်သီး) တစ်ပိဿာလျှင် (၅၀၀၀ - ၅၅၀၀) ကျပ် ၊ ခရမ်းချဉ်သီး (ရိုးရိုး) တစ်ပိဿာလျှင် (၄၅၀၀) ကျပ် အသီးသီးရှိပြီး ခရမ်းချဉ်သီးမှာ ယခုအပတ်တွင် ဈေးအနည်းနည်း တက်ကြောင်းသိရှိရသည်။ ငရုတ်ပွ ရှယ် အခွံထူကြီး တစ်ပိဿာလျှင်(၄၅၀၀) ကျပ်၊ ငရုတ်ပွ အလတ်စ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ သံပုရာသီး (ရွာငံ) တစ်ပိဿာလျှင် (၆၀၀၀)၊ ဂျင်းအခက်ကြီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ဂျင်း(အကြီးအသေးအရော) (၂၀၀၀ - ၂၅၀၀) ကျပ် ရှိပြီး လှရင်လှသလို ပွဲစားဈေးဖြတ်သည့်အပေါ်မူတည်၍ ဈေးအနည်းငယ်ကွာကြောင်း သိရှိရသည်။  

       ရာသီပေါ်သီးနှံများဖြစ်သော လိမ္မော်သီး တစ်ပိဿာလျှင် (၆၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်၊ ထောပတ်သီး တစ်အိတ်လျှင် (၃၅၀၀၀) ကျပ်မှ (၅၀၀၀၀) ကျပ်အထိရှိပြီး အလုံးလှရင်လှသလို၊ အနာပါရင်ပါသလို အကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာကြောင်း  အောင်ပန်းမြို့ ကုန်စိမ်းပွဲရုံများ မှတစ်ဆင့် သိရှိရပါသည်။

DOCA(ရှမ်း)