နဂါးမောက်သီးကို ကမ္ဘာတစ်ဝန်းရှိ အပူပိုင်းဒေသရာသီဥတုရှိရာ အနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းသည်။ နဂါးမောက်ပင်များသည် အမြင့်ပေ၂၀ခန့် အထိသာမြင့်တက်တတ်သည်။ ပူအိုက်ပြီး မိုးရေချိန်များသည့်ဒေသတွင် ရှင်သန်ဖြစ်ထွန်းသည်။ အေးမြသည့် ဆောင်းရာသီတွင် အပင်သေတတ်ပြီး အပူချိန်မြင့်မားသော အပူပိုင်းဒေသကိုနှစ်သက်သည်။ နဂါးမောက်သီးမှာ မြန်မာနိုင်ငံအတွက် သစ်သီးပင်အသစ်တစ်မျိုးဖြစ်သည်။ စျေးကွက်အလားအလာကောင်းသဖြင့် စီးပွားဖြစ်စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ အသီးပုံသဏ္ဌာန်နှင့် အသီးအခွံအရောင် (အနီနှင့်ပန်းရောင်)မှာ ဆွဲဆောင်မှုရှိသဖြင့် အိမ်နှင့်စားသောက်ဆိုင်များ ပန်းခြံများတွင်အလှပင် အဖြစ်စိုက်ပျိုးနိုင်သည်။ နေရောင်ခြည်ကောင်းစွာရရှိသော နေရာနေရာဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။ ဧပြီလ၊ ဇူလိုင်လအတွင်းတွင် ပန်းပွင့်လေ့ရှိသည်။ ပန်းပွင့်ပြီး (၇)ပတ်မှ(၈)ပတ် အကြာတွင် အသီးဆွတ်ခူးနိုင်သည်။ အသီးပေါ်ရှိ အဖတ်များ အစိမ်းရောင်ပျောက်ပြီးအနီရောင်ပြောင်းလာလျင် အသီးဆွတ်ခူးနိုင်သည်။
အလေးထားစားသုံးသင့်သည့် သစ်သီးဖြစ်သည့်အတွက် အာဟာရပြည့်ဝစေပြီး ခွန်အားကိုအမြန်ဆုံး ပြန်လည်ပြည့်ဝစေခြင်း၊ မောပန်းနွမ်းနယ်မှုကို အမြန်ဆုံးသက်သာ၍ အစာမကြေရင်ပြည့် ရင်ကယ်ဖြစ်ခြင်းကို ချက်ချင်းပျောက်ကင်းစေပြီး ဆီးချိုသွေးတိုးမတက်စေရန် အကူအညီပေးသည်။ ထားဝယ်မြို့အတွင်းရှိ စည်ပင်သာယာစျေးနှင့် အသီးဆိုင်များတွင် နဂါးမောက်သီး အကြီးတစ်လုံး လျှင်(၅၀၀၀)ကျပ်မှ(၆၀၀၀)ကျပ်ထိရှိပြီး အငယ်တစ်လုံးလျှင် (၃၀၀၀)ကျပ်မှ (၄၀၀၀) ထိရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)