Main menu

ထားဝယ်မြို့ရှိ မန်ကျည်းသီးစျေးနှုန်း

Powered by Drupal

            မန်ကျည်းပင်သည် သစ်မာပင်အမျိုးအစားဖြစ်ပြီး အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းတွင်လည်း ပိုမိုပေါက်ရောက်လျက်ရှိသည်။ စားသုံးသူများအတွက် တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင်တန်ဖိုးရှိသည့် အပင်တစ်မျိုးဖြစ်ပါသည်။ အရသာချဉ်ပြီး အချိုဓါတ်ပါဝင်သည့် မန်ကျည်းသီးသည် အိမ်ရှင်မတို့၏ မီးဖိုချောင်၌ အမြဲနေရာယူထားသော အသီးလည်းဖြစ်သည်။ အစိမ်းပေါ်ချိန်၌ အစိမ်းစားကြသကဲ့သို့ မှည့်လာသည့်အချိန်တွင်လည်း အစေ့ထုတ်ကာနှစ်ရှည်ခံအောင် သိမ်းထားလေ့ရှိသည်။ မန်ကျည်းသီးကို အသင့်အတင့်စားသုံးလျင် ကျန်းမာ‌ရေးအထောက်အကူဖြစ်စေနိုင်ပြီး အလွန်အကျွံစားသုံးပါက သွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်ပါသည်။

          ယခုကာလသည် မန်ကျည်းသီးသစ်ထွက်ရှိသည့်ကာလဖြစ်သည့်အတွက် ထားဝယ်စျေးကွက်၌ မန်ကျည်းသီးအစိမ်းတစ်ဗူးလျှင် (၂၀၀၀) ကျပ်ရှိပြီး မန်ကျည်းသီးအမှည့် တစ်ပိဿာလျှင် (၈၅၀၀) ကျပ် ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)