ရွှေဘိုမြို့တွင် မိသားစုအပိုဝင်ငွေရရှိရန် မီးသွေးရောင်းချသည့် အလုပ်ကို လုပ်ကိုင်ရာ မီးသွေးကို ရုံးပင်ရွာမှ ဝယ်ယူရောင်းချကြောင်း၊ ရုံးပင်ရွာမှကားဖြင့် အိမ်အရောက် လာရောက်၍ ပို့ကြောင်း၊ သယ်ယူစရိတ်မြင့်မားခြင်းနှင့် ကုန်ဈေးနှုန်းတက်ခြင်း ကြောင့် ယခုလတွင် မီးသွေးဈေးနှုန်းမြင့်တက်ကြောင်း (၁)တင်းခွဲဝင် မီးသွေး (၁) အိတ်လျှင် (၁၇၀၀ဝိ/-)ကျပ်ဖြင့် ဝယ်ရပြီး (၁၈၀၀ဝိ/-)ကျပ်ဖြင့် ပြန်ရောင်းရကြောင်း၊ မီးသွေးပေါသည့်ပေါ်မူ တည်၍ မီးသွေးအိတ်(၁)လုံးလျှင် (၅၀ဝိ/-)မှ(၁၀၀ဝိ/-)သာ အမြတ်ယူ၍ ရောင်းချကြောင်း၊ မီးသွေး ရောင်းချရာတွင် (၁)တင်းခွဲဝင် အိတ်ဖြင့်သော်လည်းကောင်း၊ မီးသွေးကို အခဲ၊ အလတ်ကွဲဟူ၍ ရောင်းချကြောင်း၊ မီးသွေး (၁)တင်းခွဲဝင်(၁)အိတ်ကို (၁)ပြည်ဝင်အိတ်ဖြင့် ထုတ်၍ ရောင်းချရာ (၂၄) ထုပ်ရကြောင်း၊ မီးသွေးအခဲ(၁) ပြည်ဝင်အိတ် (၁)ထုပ်လျှင် (၁၀၀ဝိ/-) ကျပ် မီးသွေးအလတ် ကွဲ(၁)ပြည်ဝင်အိတ် (၁)ထုပ်လျှင် (၅၀ဝိ/) ဖြင့် ရောင်းချကြောင်း သိ ရှိရပါသည်။
DOCA(စစ်ကိုင်း)