Main menu

စစ်ကိုင်းတိုင်းဒေသကြီး၏ ဘိလပ်မြေ၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ အခြေအနေ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၏ ဒီဇင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော  ဘိလပ်မြေ ဈေးနှုန်းများမှာ ကြံ့နှစ်ကောင် တံဆိပ်တစ်အိတ်လျှင် ကျပ် ၁၉၅၀၀၊ အပါချီ တံဆိပ်တစ်အိတ် လျှင် ကျပ် ၁၇၅၀၀၊ crown  တံဆိပ် တစ်အိတ်လျှင် ကျပ် ၁၃၀၀၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ တတိယပတ်တွင် ဓာတ်မြေသြဇာ ဈေးနှုန်းများမှာ အာမို ၁၀း၁၀း၅ (50Kg) ပါ  တစ်အိတ်လျှင် ကျပ် ၉၇၀၀၀၊ ရွှေကောမတ် ၂၀း၁၂း၁၂ (50Kg) ပါ တစ်အိတ်လျှင် ကျပ် ၁၃၈၀၀၀၊  ယူရီးယား ဓါတ်မြေသြဇာ (50Kg) ပါ  တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀၊ ပုလဲ ဓါတ်မြေသြဇာ(50Kg) ပါ တစ်အိတ်လျှင် ကျပ် ၁၁၅၀၀၀၊ ကောမစ် ကွန်ပေါင်း ၁၅း၁၅း၁၅ (50Kg) ပါ တစ်အိတ်လျှင် ကျပ် ၂၀၀၀၀၀၊ ပန်းဖူး(တရုတ်) (50Kg) ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀၊ မျှားကမ္ဘာ (50Kg) ပါ တစ်အိတ်လျှင် ကျပ် ၁၁၃၀၀၀၊ တီစူပါ (50Kg) ပါ တစ်အိတ်လျှင် ကျပ် ၉၈၀၀၀၊ နိုက်ထရိုဖောစကာ (50Kg) ပါ တစ်အိတ်လျှင် ကျပ် ၂၀၃၀၀၀၊ ပန်းဖူး (မြန်မာ့သြဘာ) (50Kg) ပါ တစ်အိတ်လျှင် ကျပ် ၁၃၀၀၀၀၊  အာမို ၁၅း၁၅း၁၅ (50Kg) ပါ တစ်အိတ်လျှင် ကျပ် ၁၉၂၅၀၀၊ ကျွဲနက် ၁၅း၁၅း၁၅ (50Kg) ပါ တစ်အိတ်လျှင် ကျပ် ၁၉၀၀၀၀၊ ဇာမဏီ (50Kg) ပါ  တစ်အိတ်လျှင် ကျပ် ၉၅၀၀၀ဖြင့်  အရောင်းအဝယ်ဖြစ်နေပြီး ယခင်အပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပန်းဖူး(တရုတ်)နှင့် ပုလဲတံဆိပ်ဓါတ်မြေသြဇာ(50Kg) ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

          ယခု ဒီဇင်ဘာလ တတိယပတ်တွင် ဖြစ်ပေါ်နေသော ပိုးသတ်ဆေး ဈေးနှုန်း များမှာ အာမို စတား (100CC) တစ်ဘူးလျှင် ကျပ် ၆၅၀၀၊ ဘက်တား (250g)ပါ တစ်ထုပ်လျှင် ကျပ် ၃၀၀၀၀၊ ရွှေတောနစ်(500CC) တစ်ဘူးလျှင် ကျပ် ၁၈၀၀၀၊ မိုရယ်မုန်း (500CC) တစ်ဘူးလျှင် ကျပ် ၄၅၀၀၀၊ ဖို့စတင်း(1Liter) တစ်ဘူးလျှင် ကျပ် ၅၄၀၀၀၊ အစီဖိတ်(1kg) တစ်ဘူးလျှင် ကျပ် ၆၀၈၀၀၊ ရွှေစိုက်ပါ (1Liter) တစ်ဘူးလျှင် ကျပ် ၄၅၀၀၀၊ အီမာ (1Liter) တစ်ဘူးလျှင် ကျပ် ၅၈၅၀၀၊ သန်းဒါး (1Liter) တစ်ဘူးလျှင် ကျပ် ၇၆၀၀၀၊ ဒိုဇာ(100g) တစ်ဘူးလျှင် ကျပ် ၁၆၅၀၀၊ ထိသေ၊စားသေ (1Liter) တစ်ဘူးလျှင် ကျပ် ၁၃၀၀၀၊ ပင်လုံးပြန့်  (1Liter) တစ်ဘူးလျှင် ကျပ် ၇၅၀၀၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရသည်၊၊

DOCA(စစ်ကိုင်း)