စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကုန်စည်ဒိုင်တွင် (၁၇.၁၂.၂၀၂၄)ရက်နေ့တွင် ဖြစ်ပေါ်နေသော ပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၁၀၀၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၁၁၈၅၀၀၊ မတ်ပဲ တစ်တင်းကျပ် ၁၁၀၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၉၆၅၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၉၅၅၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၉၆၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၉၆၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
ဂျုံဖြူသန့်တစ်တင်း ကျပ် ၇၄၅၀၀၊ ပဲနီ လုံးရိုးရိုး တစ်တင်း ကျပ် ၈၀၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၁၀၁၀၀၀၊ ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၁၆၅၀၀၀၊ ပဲပုတ်စေ့ (ရှမ်း) တစ်တင်း ကျပ် ၈၀၀၀၀၊ ထောပတ်ပဲ တစ်တင်းကျပ် ၇၀၀၀၀၊ မြေထောက်ပဲ တစ်တင်း ကျပ် ၁၀၀၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၁၃၅၀၀၀၊ ပဲလွန်းဖြူ တစ်တင်း ကျပ် ၁၁၅၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၈၀၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ် တင်းကျပ် ၂၈၂၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၂၆၀၀၀၊ ဆီထွက် သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများ မှာ နှမ်းညို တစ်တင်းကျပ် ၁၀၂၀၀၀၊ နှမ်းနက် တစ်တင်း ကျပ် ၂၂၅၀၀၀၊ နှမ်းဖြူ တစ်တင်း ကျပ် ၁၂၇၀၀၀၊ နေကြာစေ့ တစ်တင်း ကျပ် ၅၈၅၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ် ၉၀၀၀၊ မြေပဲလုံး၊ ဆံဖြူ တစ်ပိဿာကျပ် ၈၈၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ် ၆၂၀၀၊ နှမ်းဖတ် တစ်ပိဿာ ကျပ် ၄၃၅၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၃၄၅၀ ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။
ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ပဲဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး)၊ ပဲတီစိမ်း(သေး)နှင့် ပဲစဥ်းငုံဈေးနှုန်းများ အနည်းငယ်တက်လာပြီး ဆီထွက်သီးနှံဈေးနှုန်းများ အနည်းငယ်ကျ ဆင်းနေပါကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)